Headlines News :
Home » » ကျမ်းသစ္စာစကားရပ် ပြင်ဆင်နိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်

ကျမ်းသစ္စာစကားရပ် ပြင်ဆင်နိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်

Written By လွင့်မောင်မောင် on Friday, April 20, 2012 | 12:13 AM


လာမယ့် ဧပြီလ ( ၂၃) ရက်နေ့ အမျိုးသားလွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုတဲ့အခါ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားရပ်အစား လေးစားလိုက်နာပါမည် လို့ မပြင်ဆင်သေးသရွေ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော် မတက်နိုင်သေးကြောင်း ပြည်တွင်း ပြည်ပ သတင်းမီဒီယာတွေမှာ
ဖေါ်ပြခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အာအက်အေ ရဲ့ ဒီမိုကရေစီခရီးကြမ်း ကဏ္ဍ မှာ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တာကတော့ -

"ဒီလိုပါ။ လွှတ်တော်မတက်ဘူးလို့ ကျမတို့က ပြောတာ မဟုတ်ပါဘူး။ ဒီကျမ်းသစ္စာဆိုပြီးမှ လွှတ်တော်တက်မယ်။ ဒီ ကျမ်းသစ္စာမှာ ဒီစကားပြောင်းဖို့ ဆိုတာလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ကိုက်ညီပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲက စာသားအတိုင်းပဲ ဖြစ်ပါတယ်။ အဲဒီတော့ အခက်အခဲ မရှိဘူးလို့တော့ မျှော်လင့်ပါတယ်။"

ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ကော်မတီဝင် ဦးဥာဏ်ဝင်း ဟာ ဒီကနေ့ နေပြည်တော် ကို သွားရောက်မှာဖြစ်ပါတယ်။
ဒါ့ပြင် အစိုးရအဖွဲ့တွင်းနဲ့ လွှတ်တော်တွင်းမှာ အပြောင်းအလဲကို မလိုလားသူတွေရှိနေတယ်ဆိုတဲ့ အပြောအဆိုတွေ ပေါ်ပေါက်နေတာ
ကြောင့် လွှတ်တော်တွင်း ၀င်ရောက်တဲ့အခါ ဘယ်လိုရင်ဆိုင်မလဲလို့ အာအက်အေက မေးမြန်းရာမှာ -

"ပြုပြင်ပြောင်းလဲရေးကို ဘာဖြစ်လို့ မလိုလားလဲ ဆိုတဲ့ မေးခွန်းကို ကျမတို့ ပထမ အဖြေရှာဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြောင်းတော့ ရှိရမှာပေါ့။ ဒီအကြောင်းကို မသိဘဲနဲ့ ဒီဟာကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ ပြောဖို့ ခက်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့က လွှတ်တော်ထဲ
ရောက်သွားတယ် ဆိုလို့ရှိရင် အမျိုးမျိုးသော အမြင်တွေနဲ့ ထိတွေ့နိုင်ခွင့်ရှိမယ်လို့ မျှော်လင့်ထားတယ်။ ဒါမှလည်း ဘယ်လို အဖြေတွေကို မှန်မှန်ကန်ကန် ရှာလို့ရမလဲဆိုတာ ဆုံးဖြတ်လို့ ရမှာပါ။"

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ လူငယ်တွေရဲ့ အခန်းကဏ္ဍ ကြီးကြီးမားမားရှိနေကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်တွင်း သတင်းမီဒီယာတွေရဲ့ ကျေးဇူး ကလည်း အတော်ကြီးကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
 
RFA
 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template