နော်ဝေနိုင်ငံခြားရေးဝန်ကြီးထံသို့ ဒေါ်အောင်ဆန်းစုကြည်သည် နော်ဝေနိုင်ငံ၊ အော်စလိုမြို့သို့ လာမည့်ဇွန်လတွင် လာရောက်လည်ပတ်မည့် ခရီးစဉ်နှင့်ပတ်သက်၍တနင်္ဂနွေနေ့တွင် ဆွေးနွေးခဲ့ကြောင်း
နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားကြောင်း အေအက်ဖ်ပီသတင်းဌာနက သတင်းဖော်ပြထားသည်။
နော်ဝေအပြင် ဒေါ်အောင်ဆန်းစုကြည်သည်
ဗြိတိန်နိုင်ငံသို့ပါသွားရောက်မည်ဖြစ်ကြောင်း NLD မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို
ကိုးကား၍ ရိုက်တာသတင်းဌာနကလည်း သတင်းရေးသားထားသည်။
ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ မြန်မာနိုင်ငံခရီးစဉ်တွင်
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် လာမည့်ဇွန်လ၌ ဗြိတိန်လို့
လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကလွန်ခဲ့သည့်၂
နှစ်ကထိုသို့ဖိတ်ကြားပါကဖိတ်ကြားသည့်အတွက် ကျေးဇူးတင်သည်
ဟုသာ
ပြောနိုင်ပြီးမလာနိုင်ဟု ပြန်ဖြေမည်ဖြစ်ကာလက်ရှိအခြေအနေတွင်ခရီးစဉ်မှာဖြစ်ကောင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
NLD မှ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူတစ်ဦးသို့ 7Day News က ဆက်သွယ်မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံကူးလက်မှတ်(Passport)လျှောက်ထားကြောင်း ပြန်လည်ဖြေကြားသည်။
NLD မှ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူတစ်ဦးသို့ 7Day News က ဆက်သွယ်မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံကူးလက်မှတ်(Passport)လျှောက်ထားကြောင်း ပြန်လည်ဖြေကြားသည်။
7Day News