Eleven media group |
Wednesday, 18 April 2012 14:35 |
မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ဂျီဒီပီ
တိုးတက်မှုနှုန်း ခြောက်ရာခိုင်နှုန်းရှိမည် ဟု အာရှဖွံ့ဖြိုးရေးဘဏ်ကခန့်မှန်း
ထားပြီး ၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ဂျီဒီပီတိုးတက်မှုနှုန်း ၅ ဒသမ ၅
ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းခဲ့ရာမှ အနည်းငယ်မြင့်တက်လာခြင်းဖြစ်သည်။
ယခုကဲ့သို့ မြန်မာ့စီးပွားရေး အား တိုးမြှင့်ခန့်မှန်းရခြင်းမှာ
မကြာသေးမီက အကောင်အထည်ဖော်ခဲ့သည့် မူဝါဒအပြောင်းအလဲများနှင့်
သဘာဝဓာတ်ငွေ့တင်ပို့မှု များလာခြင်းကြောင့်ဟု သိရသည်။ မြန်မာနိုင်ငံတွင်
တိုးတက်မှု အဓွန့်ရှည်စေရန်နှင့် ပြည်သူများ တိုးတက်မှုကို ခံစားရရှိစေရန်
အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေးများကို အရှိန်မြှင့်ဆောင်ရွက်ရန်နှင့်
ပညာရေး၊ကျန်းမာရေးနှင့် အခြေခံ အဆောက်အအုံကဏ္ဍတို့တွင်
ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန်လိုကြောင်း အဆိုပါဘဏ်အရာရှိတစ်ဦးက ဆိုသည်။
|