Headlines News :
Home » » ပိုက်လိုင်းသွယ်တန်းမှုကြောင့် နမ့်ခမ်းလယ်မြေများ ရေမရ မြေခမ်းခြောက်အက်ကွဲ

ပိုက်လိုင်းသွယ်တန်းမှုကြောင့် နမ့်ခမ်းလယ်မြေများ ရေမရ မြေခမ်းခြောက်အက်ကွဲ

Written By လွင့်မောင်မောင် on Wednesday, May 16, 2012 | 12:54 AM

ပိုက်လိုင်းသွယ်တန်းမှုကြောင့် နမ့်ခမ်းလယ်မြေများ ရေမရ မြေခမ်းခြောက်အက်ကွဲ



ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းမှုကြောင့် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့၌ ချောင်းရေ ပိတ်ကာ လယ်မြေများ ရေခန်းခြောက်ပြီး အက်ကွဲကုန်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရ သည်။

005
“ဒီနှစ်ရာသီဥတုကမမှန်။ ပူကလဲပူ။ ချောင်းရေလဲမရ။ လယ်မြေတွေလဲ ရေခန်းလို့ အက်ကွဲကုန်ပြီ။ စပါးပင်တွေလည်း ရှင်မလား၊ သေမလား မသိဘူး။ ဒီတသီးတော့ အရှုံးပေါ်မှာဘဲ။ ဒုက္ခတော့ ရောက်ပြီ” ဟု နမ့်ခမ်းလယ်သမားတစ်ဦးက ပြောသည်။


နမ့်ခမ်းမြို့၌ လယ်မြေများကြား ပိုက်လိုင်းသွယ်တန်းရာတွင် လယ်သမားများ အားထားနေရသော ရေချောင်းအား ပိတ်ဆို့ထားသည့်အတွက် ချောင်းအထက်ပိုင်း၌ ရေများပြီး ချောင်းအောက်ပိုင်း၌ ရေ ခမ်းခြောက်ကြောင်း၊ ထို့ကြောင့် လယ်မြေများ အက်ကွဲကုန်ကြောင်း ဆို၏။

002
“ချောင်းရေမရရင်လည်း မိုးရွာရင် တော်သေးတယ်။ အခုတော့ မိုးလဲမရွာ။ ပူလဲပိုပူလာတယ်။ နမ့်ခမ်း ဘေးပတ်လည်က တောင်ပေါ်တွေမှာ သစ်တောတွေ ပြုန်းတီးကုန်လို့ဘဲ ဖြစ်မယ်။ သစ်တောသစ်ပင် မရှိတော့ မိုးလဲမရွာ၊ ရွာသီဥတုဖောက်ပြန်တာပေါ့။ သစ်တွေခုတ်ပြီး တရုတ်ဘက်ကို သယ်သွားနေကြ တယ်” ဟု လယ်သမားအချို့က ပြောပါသည်။


နမ့်ခမ်းမြို့၌ သစ်တောပြုန်းတီးကာ မိုးမရွာသော်လည်း ရွှေလီမြစ်သာ ခြားထားသည့် တရုတ်ဘက်ခြမ်း နောင်တောင်း-ရွှေလီ၌ သစ်တောများ စိမ်းလန်း၍ မိုးကြီးနေကြောင်း တရုတ်ဘက်ခြမ်းသို့ ဈေးသွား ရောင်းသည့် ဈေးသည်တစ်ဦးက ပြောပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template