Headlines News :
Home » » ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၏ လောင်းလုံနှင့်ရေဖြူမြို့နယ်ခရီးစဉ်

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၏ လောင်းလုံနှင့်ရေဖြူမြို့နယ်ခရီးစဉ်

Written By လွင့်မောင်မောင် on Friday, May 18, 2012 | 12:51 AM

17.5.2012 ကြာသပတေးနေ့
 ယနေ့ နံနက် ၉နာရီတွင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော ကိုမင်းကိုနိုင်၊ကိုကိုကြီး၊ကိုဌေးကြွယ်၊ကိုပြုံးချို ၊ကိုမားကီး နှင့် ကိုအံ့ဘွယ်ကျော် တို့သည် ရေဖြူမြို့နယ်၊ကံဘောက်ဒေသမှနဘုလယ်ဒေသသို့ရောက်ရှိလာသည်။
 နဘုလယ်ဒေသဘုန်းတော်ကြီးကျောင်းတွင်ဆရာတော်ဘုရားအားဖူးမျှော်ကြပြီး ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေးဆွေးနွေးပွဲကိုပြုလုပ်ခဲ့ကြသည်။ ထို့နောက်ဒေသခံပြည်သူများက ကချင်ပြည်နယ်မှစစ်ဘေးဒုက္ခသည်များအတွက်အလှူငွေများပေးအပ်ကြသည်။
မွန်းလွဲ၂နာရီ၃၀မိနစ်တွင်မောင်းမကန်ကျေးရွာသို့ရောက်ရှိ၍ ဝေဠုဝန်ဘုန်းတော်ကြီးကျောင်းတွင်ဆရာတော်ဘုရားအားဖူးမျှော်ကြပြီး ၄င်းကျောင်းကြီး၏ဓမ္မာရုံတွင်ဆွေးနွေးပွဲပြုလုပ်သည်။
ညနေ၅နာရီတွင် လောင်းမြို့နယ်သာဂရမြို့ဟောင်းသို့ရောက်ရှိပြီးကျေးရွာသူရွာသားများနှင့်ဆွေးနွေးပွဲပြုလုပ်သည်။
 ထိုမှည၇နာရီတွင်လောင်းလုံးမြို့နယ် သောကြာပြင်ကျေးရွာ ကံသာဘုန်းတော်ကြီးကျောင်းဝင်းတွင်း ဟောပြောပွဲနှင့်ဆွေးနွေးပွဲများပြုလုပ်ကြသည်။
၁၉-၅-၂၀၁၂ရက်တွင်ထားဝယ်မြို့အတွင်းဘုရားဖူးခရီးထွက်ပြီးလေယဉ်ခရီးစဉ်ဖြင့်ရန်သို့ပြန်မည်ဟုသတင်းရရှိသည်။

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template