Headlines News :
Home » » ညီလာခံများ ကျင်းပနိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံကျင်းပရေး ဗဟိုကော်မရှင် ဖွဲ့စည်း

ညီလာခံများ ကျင်းပနိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံကျင်းပရေး ဗဟိုကော်မရှင် ဖွဲ့စည်း

Written By လွင့်မောင်မောင် on Monday, May 14, 2012 | 8:51 PM





Sunday, 13 May 2012 23:38
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ပြည်နယ်/တိုင်း၊ မြို့နယ်နှင့် ရပ်/ကျေးများတွင် ညီလာခံများ ကျင်းပနိုင်ရေးအတွက် ညီလာခံကျင်းပရေး ဗဟိုကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက်အရ သိရသည်။

ညီလာခံကျင်းပရေး ဗဟိုကော် မရှင်အဖွဲ့ကိုမေလ၉ရက်နေ့တွင်ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကြေညာချက်အမှတ် ၁၈/ ၀၅ /၁၂ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ကြေညာချက်တွင် ပြည်နယ်နှင့်တိုင်း၊ မြို့နယ်နှင့် ရပ်/ကျေးများတွင် ညီလာခံများ ကျင်းပနိုင်ရေးအတွက် ညီလာခံကျင်းပရေး ဗဟိုကော်မရှင်ကို ဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး ဦးဉာဏ်ဝင်း၊ အဖွဲ့ဝင်များအဖြစ် ဦးဟံသာမြင့်၊ ဦးသိန်းဦး၊ ဦးစိုးဝင်း၊ ဦးမျိုးညွန့်၊ ဒေါ်လဲ့လဲ့၊ ဒေါ်မြင့်မြင့်စိန်နှင့် ဒေါ်ခင်စောမူတို့ဖြင့် ဖွဲ့စည်းလိုက်ကြောင်း  ပါဝင်သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template