Headlines News :
Home » » မူစယ်မြို့တွင် တရုတ်ကားများအား ညအိပ်ခွန်ကောက်

မူစယ်မြို့တွင် တရုတ်ကားများအား ညအိပ်ခွန်ကောက်

Written By လွင့်မောင်မောင် on Saturday, May 19, 2012 | 11:47 PM





တရုတ် - မြန်မာနယ်စပ် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့တွင် တရုတ်နိုင်ငံဘက်မှ ၀င်ရောက်လာသည့် ကားများအပေါ် ယခုလဆန်းပိုင်းမှစ၍ ညအိပ်ခွန်ကောက်ခံနေကြောင်း သိရသည် ။


မူစယ်မြို့အုပ်ချုပ်ရေးအဖွဲ့ရုံးမှ ကောက်ခံနေခြင်း ဖြစ်ပြီး ညအိပ်ခွန် တစ်လအတွက် ကျပ်ငွေ ၁ သိန်းနှင့် ၇ ရက်တစ်ပတ်စာ ကျပ် ၅ သောင်း ပေးဆောင်ရကြောင်း မူစယ်မြို့ပေါ်ရှိ တရုတ်ကားပိုင်ရှင်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။



“ အရင်တုန်းကတော့ မကောက်ဘူး အခုညအိပ်ခွန်ကောက်တာပေါ့ မူစယ်အုပ်ချုပ်ရေးအဖွဲ့ရုံးမှာပဲ သွားဆောင်ရတယ် ၀န် ထမ်းတွေ ရံပုံငွေရအောင်ကောက်တာလည်း ဖြစ်နိုင်ပါတယ် ” ဟု သူက ဆိုသည် ။


တရုတ်ပိုင် ကျယ်ဂေါင်နှင့် မူစယ်မြို့တို့မှာ နယ်စပ်ခြင်း ကပ်နေရာ မူစယ်မြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ၀န်ထမ်း တချို့ တရုတ်နိုင်ငံသုံး ယာဉ်မောင်းလိုင်စင် ကားများကို သုံးစွဲကြကြောင်း သိရသည် ။


“မူစယ်ဒေသခံတွေထဲက စီးပွားရေးလုပ်ငန်းရှင်တွေ ၀န်ထမ်းတွေလည်း တရုတ်ယာဉ်မောင်းလိုင်စင်နဲ့ကားတွေ သုံးကြ တယ် နောက်တရုတ်ပြည်ထဲကနေ မူစယ် ၁၀၅ မိုင်ကို စီးပွားရေးအရ လာတဲ့သူတွေလည်းရှိတာပေါ့ တစ်ရက်တစ်ရက် တ ရုတ် ကားအ၀င်အထွက်က အစီး ၅၀၀ အထက်ရှိမယ် ” ဟု ဆိုသည် ။


ပုံမှန်အားဖြင့် တရုတ်ကားများ မူစယ်ဘက် ၀င်ရောက်လာလျှင် ဂိတ်ဝင်ကြေးအဖြစ် တရုတ်ငွေ ၅ ယွမ် ၊ အာမခံကြေး ၁၅ ယွမ်နှင့် ပို့ဆက်ကြေး ကျပ် ၃၀၀ ပေးဆောင်ရကြောင်း သိရသည် ။


နယ်စပ်ကျယ်ဂေါင် နှင့် မူစယ်မြို့ ဖြတ်သန်းသည့်ဂိတ် ၃ ခုရှိသည့်အနက် ဆင်ဖြူနှင့်မန်ဝိန်းဂိတ်ပေါက်များမှ တဆင့် ယာဉ် များ ၀င်ထွက်သွားလာနိုင်ပြီး ယခုအခါ ဆင်ဖြူဂိတ်တွင် သျှမ်းပြည်နယ်အစိုးရအစီအစဉ်ဖြင့် ပစ္စည်းတန်ဖိုး၏ ၃ ရာခိုင်နှုန်း ကို အခွန်ကောက်ခံနေကြောင်း သိရသည် ။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template