Headlines News :
Home » » မြန်မာ့ဆက်သွယ်ရေးကဏ္ဍနှင့် ပတ်သက်၍ကမ္ဘာ့ထိပ်တန်း ဖုန်းကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ်အြကြံပြုပြောကြား

မြန်မာ့ဆက်သွယ်ရေးကဏ္ဍနှင့် ပတ်သက်၍ကမ္ဘာ့ထိပ်တန်း ဖုန်းကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ်အြကြံပြုပြောကြား

Written By လွင့်မောင်မောင် on Saturday, May 19, 2012 | 7:59 PM

မြန်မာ့ဆက်သွယ်ရေးကဏ္ဍနှင့် ပတ်သက်၍ ဆောင်ရွက်သင့်သည့်အချက်များကို ကမ္ဘာ့ထိပ်တန်း ဖုန်းကုမ္ပဏီ HTC
မှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မစ္စတာ ပီတာချူး (မြန်မာအမည်-
ဦးဝင်းသန်း)က ရန်ကုန်မြို့တွင် မေလ ၁၉ ရက်နေ့က
အကြံပြုပြောကြားခဲ့သည်။

ထိုသို့ ပြောကြားရာတွင် အချက် နှစ်ချက်ကို အဓိကထား ပြောကြားသွားပြီး ၎င်းတို့မှာ မိုဘိုင်း အခြေခံအဆောက်အအုံ (infrastructure) ကို တစ်ခါတည်းနှင့် ကောင်းအောင် လုပ်သင့်ကြောင်း၊ ယင်းက အလွန်အရေးကြီးကြောင်း၊ မကောင်းသည့် infrastructure ကို မလုပ်ဘဲနှင့် တစ်ခါတည်းနှင့် အကောင်းဆုံး လုပ်သင့်ကြောင်း၊ မြန်မာစာကို မိုဘိုင်းဖုန်းထဲတွင် လွယ်လွယ်ကူကူ သုံး၍ ရရန် လုပ်သင့်ကြောင်း၊ ယင်းမှာ အရေးကြီးကြောင်း၊ အဆိုပါအချက် နှစ်ချက်ကို သေချာလုပ်သင့်ကြောင်း၊ ယင်းကဲ့သို့ လုပ်ဆောင်လိုပါက အချိန်အားဖြင့် နှစ်နှစ်၊ သုံးနှစ်သာ အချိန်ပေးရန် လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဆက်လက် ၍ကမ္ဘာ့ထိပ်တန်း ဖုန်းကုမ္ပဏီ HTC မှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မစ္စတာ ပီတာချူး (မြန်မာအမည်-ဦးဝင်းသန်း) နှင့် KMD ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသောင်းတင်တို့ ပူးပေါင်း၍လူငယ်များအတွက် ဖောင်ဒေးရှင်းတစ်ခု တည်ထောင်သွားမည်ဖြစ်ကြောင်း ၎င်းတို့က မေလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ MICT Park တွင် ပြုလုပ်ခဲ့သည့် ပီတာချူး၏ ဟောပြောတွေ့ဆုံဆွေးနွေးပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ဖောင်ဒေးရှင်းကို ''စဥ့်ကူ'' ဖောင်ဒေးရှင်းဟု ခေါ်ဝေါ်သွားမည်ဖြစ်ပြီး ဖောင်ဒေးရှင်းမှနေ၍ နည်းပညာစိတ်ဝင်စားသည့်လူငယ်များ
အား ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း ၎င်းတို့၏ ပြောကြားချက်အရ သိရသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template