Headlines News :
Home » » အတတ်ပညာနှင့် အင်္ဂလိပ်စာ အရည်အချင်းမလိုဘဲ ကာတာနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ဖေစ့်ဘုတ်(facebook)မှ ခေါ်ယူနေမှုကို စိတ်ဝင်စားသူများ ရှိနေ

အတတ်ပညာနှင့် အင်္ဂလိပ်စာ အရည်အချင်းမလိုဘဲ ကာတာနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ဖေစ့်ဘုတ်(facebook)မှ ခေါ်ယူနေမှုကို စိတ်ဝင်စားသူများ ရှိနေ

Written By လွင့်မောင်မောင် on Thursday, May 17, 2012 | 12:16 AM

Wednesday, 16 May 2012 13:39
573
ကာတာနိုင်ငံရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
ကာတာနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် မီးဖိုချောင် အလုပ်သမားနှင့် Waitress များကို အတတ်ပညာနှင့် အင်္ဂလိပ်စာ အရည်အချင်း မလိုဘဲ Facebook  မှခေါ်ယူမှုရှိနေပြီး စိတ်ဝင်စားသူများလည်း ရှိနေသည်ဟု သိရသည်။
အဆိုပါ အလုပ်အတွက် ဖေ့စ်ဘုတ်တွင် ဖော်ပြထားရာတွင် ဆက်သွယ်ရန် အလုပ်အကိုင် ရှာဖွေပေး သော ၀က်ဘ်ဆိုက်တစ်ခု၏ လိပ်စာကို ချိတ်ဆက်ပေးထားပြီး အဆိုပါ ၀က်ဘ်ဆိုက်မှ အလုပ်ရှာဖွေနေသူ နေရာတွင် ၀င်ရောက်ဖြည့်စွက်၍ CV Form  တွဲကာတင်ပေးရမည်ဟု ရေးသားထားပြီး ဖုန်းနံပါတ်များကိုပါ ဖော်ပြထားသည်။

“ကာတာနိုင်ငံမှာရှိတဲ့ ကုမ္မဏီတစ်ခုမှာ လုပ်ရမယ်လို့ ပြောတယ်။ ၀ိတ်တာ၊ Waitress တွေကိုစုပြီး ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီကတစ်ဆင့် အလုပ်လိုတဲ့ ဟိုတယ်တွေမှာနေရာတွေမှာ အချိန်ပိုင်း အလုပ်သွား လုပ်ရမှာပါ။ ၀န်ဆောင်ခက မြန်မာငွေ ၈ သိန်းခွဲပါ။ စိတ်ဝင်စားလို့ မေးမြန်းထားတဲ့ မိန်းကလေးတွေ ရှိတယ်။ လက်ရှိကာတာမှာလည်း လုပ်နေတဲ့ မြန်မာတွေ ၃၀ ကျော် လောက်ရှိတယ်”ဟု မြန်မာ အလုပ်သမားများ ခေါ်ယူလျက်ရှိသည့် အဆိုပါ အေဂျင်စီမှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောပါသည်။
ယင်းအလုပ်အတွက် ဟိုတယ် လုပ်ငန်းဆိုင်ရာ အောင်လက်မှတ်များလည်း မလိုအပ်သို့ လုပ်ငန်းအတွေ့အကြုံနှင့် အင်္ဂလိပ်စာ တတ်ကျွမ်းရန်လည်းမလိုဟု သိရသည်။
“အတွေ့အကြုံ မရှိသေးတဲ့ အတွက် ကိုယ်တိုင်ဝန်ဆောင်မှု ပေးရမှာမဟုတ်ဘဲ စီနီယာတွေနဲ့တွဲပြီး အလုပ်လုပ်ရမယ်။ တိုက်ရိုက် Customer တွေနဲ့တွေ့ရမှာမဟုတ်ဘဲ စီနီယာက တစ်ဆင့်သင်ပေးမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အလုပ်အတွက် နိုင်ငံခြားကုမ္ပဏီမှ လာရောက် အင်တာဗျူးမည် မဟုတ်ဘဲ တစ်ကိုယ်လုံးပုံ တစ်ပုံ နှင့် ပတ်စပို့ဓာတ်ပုံငါးပုံ၊ ပတ်စပို့ လက်ကိုင်ရှိသူ ဖြစ်ရမည်ဖြစ်ပြီး ခေါ်ယူမည့်ကုမ္ပဏီမှ ကြိုက်နှစ်သက်ပါက သွားရောက် အလုပ်လုပ်ကိုင်နိုင်ကာ လစာနှုန်းထားမှာ မြန်မာငွေ ကျပ်နှစ်သိန်းမှ သုံးသိန်းကြားရှိသည်ဟု သိရသည်။
ပြည်ပ၌ သွားရောက်လုပ်ကိုင်ရန်အတွက် အဓိကလိုအပ်ချက်မှာ အင်္ဂလိပ်စာဖြစ်ပြီး အင်္ဂလိပ်စာ တတ်ကျွမ်းမှသာ အများနှင့်ဆက်သွယ် ပြောဆိုရန် အဆင်ပြေနိုင်မည်ဖြစ်၍ သွားရောက်လိုသူများ အနေနှင့် သတိ ပြုသင့်ကြောင်း သိရသည်။
“ ကာတာက တရားဝင်အလုပ်ခေါ်ရင် အလုပ်ခေါ်တဲ့ကုမ္ပဏီ ဒါမှမဟုတ် ဟိုတယ်က တာဝန်ရှိတဲ့သူတွေ ကကိုယ်တိုင်လာပြီး အင်တာဗျူးတယ်။ အဓိက စစ်ဆေးတာက အင်္ဂလိပ်စာပဲ။ အင်္ဂလိပ်စာမရရင် အလုပ်လုပ်ရတာ အဆင်မပြေနိုင်ဘူး။ လုပ်ငန်း အတွေ့အကြုံရှိ၊ မရှိ၊ ကျွမ်းကျင်မှုရှိ၊ မရှိစစ်တယ်။ ခေါ်ပြီဆိုရင် လုပ်ငန်း စာချုပ်မှာလုပ်ရမယ့် တာဝန်နဲ့ ခံစားခွင့်တွေကို ထည့်သွင်းထားတယ်။ ဒါတောင် အမြဲခေါ်နေတဲ့ အလုပ်တွေက ပဲ။ အသစ်ဆို ဟိုနိုင်ငံမှာရှိတဲ့ အလုပ်သမားဝန်ကြီးဌာနကို အဲဒီလုပ်ငန်းရှိ၊ မရှိ စုံစမ်းရတယ်။ ၀က်ဘ်ဆိုက်တွေက တစ်ဆင့် လေ့လာရတယ်။ သေချာမှ လွှတ်ရတယ်”ဟု Star Resources  ဟိုတယ် သင်တန်းကျောင်းမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်နေရည်အောင်က သုံးသပ်သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template