Headlines News :
Home » » မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂရဲ့ စီမံကိန်းမူကြမ်း ရှင်းလင်းပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂရဲ့ စီမံကိန်းမူကြမ်း ရှင်းလင်းပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

Written By လွင့်မောင်မောင် on Saturday, May 19, 2012 | 10:44 AM

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့ ကုလသမဂ္ဂရုံးမှာ ဒီကနေ့မနက် ကျင်းပတဲ့ မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂရဲ့ စီမံကိန်းမူကြမ်း ရှင်းလင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။

Photo courtesy of Wikipedia
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ဒေသဆိုင်ရာ ကုလသမဂ္ဂရုံးတာဝန်ခံနဲ့ ဌာနေကိုယ်စားလှယ်တို့က မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်အဖွဲ့ UNDP က ဆောင်ရွက်ချက်တွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟံသာမြင့်က ပြောပါတယ်။
"UNDP ရုံးက ဒီရီဂျင်အတွက် တာဝန်ခံပေါ့နော်။ သူရယ် resident coordinator ရယ်၊ ဗမာပြည်အတွက် country programme ကိုရှင်းပြတာပါ။ အဲတာ Draft country programme ပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝေဖန်ချက်ကို ယူတာပါ။ ဒါကိုပဲ သူတင်ပြပါတယ်။ သူတို့ရဲ့ဘာကိုတင်ပြသလဲဆိုတာ သူတို့က အတည်မပြုရသေးတော့ အန်ကယ်တို့လည်း ပြောလို့မရပါဘူး"
မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် အသေးစားချေးငွေလုပ်ငန်းတွေ၊ သဘာဝဘေးဒဏ် ကာကွယ်ရေးနဲ့ ကူညီစောင့်ရှောက်ရေး ကဏ္ဍတွေ၊ ဖွံ့ ဖြိုးတိုးတက်ရေး ကဏ္ဍတွေအတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်အဖွဲ့ က လုပ်ဆောင်နေမှုတွေကို ရှင်းလင်းတင်ပြပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်သဘောထားတွေကို ဆွေးနွေးမေးမြန်းခဲ့တယ်လို့ သိရပါတယ်။
RFA-Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template