Headlines News :
Home » » တနင်္သာရီမြို့ အတွက် လျှပ်စစ်ဓာတ်အားကို ထိုင်းမှဝယ်ယူ

တနင်္သာရီမြို့ အတွက် လျှပ်စစ်ဓာတ်အားကို ထိုင်းမှဝယ်ယူ

Written By လွင့်မောင်မောင် on Monday, January 7, 2013 | 12:06 AM

 
ထိုင်းနိုင်ငံ ပရာကျွတ်ကရိခံ ခရိုင်အတွင်းမှ လျှပ်စစ်ဓာတ်အားများကို ဈေးနှုန်းချိုသာစွာဖြင့် မြန်မာနိုင်ငံ မော့တောင်ဒေသနှင့် တနင်္သာရီမြို့အထိ သွယ်တန်းဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်းမှ လျှပ်စစ်ဓာတ်အားများကို ဈေးနှုန်းချိုသာစွာဖြင့် ရရှိနိုင်ရန် စီစဉ်ဆောင်ရွက်နေပြီး နယ်စပ်ဒေသ မော့တောင်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်း သွယ်တန်းပေးမည်ဖြစ်ကာ တနင်္သာရီမြို့နယ်အထိ သွယ်တန်းသွားရန် စီစဉ်ထားကြောင်း လျှပ်စစ်မီးရရှိရန် စီစဉ်နေသူများက ပြောကြားခဲ့သည်။

"အခုလက်ရှိ အနေအထားအရ မော့တောင်က အမှတ် ၃ ရပ်ကွက်အထိ သွယ်တန်းပြီးစီးအောင် ဆောင်ရွက်နေပါတယ်။ ဒီလကုန်အတွင်းမှာ လျှပ်စစ်မီးရရှိနိုင်ဖို့ လုပ်ဆောင်နေပြီး အဓိကရည်မှန်းထားတာကတော့ တနင်္သာရီမြို့နယ်အထိ သွယ်တန်းနိုင်အောင် လုပ်ဆောင်သွားဖို့ ရှိပါတယ်။
လမ်းတစ်လျှောက်မှာရှိတဲ့ ရွာတွေလည်း လျှပ်စစ်မီး ရရှိသွားမှာဖြစ်ပြီး နောက်ပိုင်းမြိတ်မြို့အထိ လျှပ်စစ်မီးကို ဈေးနှုန်းချိုသာစွာ ရရှိအောင် တစ်ဆင့်ချင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြိတ်မြို့အထိ သွယ်တန်းဖို့က အချိန်နည်းနည်း ယူသွားရမှာဖြစ်ပြီး မကြာခင် ဖွင့်လှစ်မယ့် မော့တောင်နယ်စပ် ကုန်သွယ်ရေးစခန်းကို အဓိကထား လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်" ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ လျှပ်စစ်ဓာတ်အား သွယ်တန်းမှုကို ဖိုးသီးချိုကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"ထိုင်းနိုင်ငံအတွင်းက ဓာတ်ငွေ့၊ ရေအားလျှပ်စစ် စတဲ့လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကနေတစ်ဆင့် လျှပ်စစ်ဓာတ်အားတွေကို မဟာဓာတ်အားလိုင်းတွေနဲ့ ပရာကျွတ်ထဲကို သွယ်တန်းထားပြီး ကျွန်တော်တို့က အဲဒီကနေတစ်ဆင့် လျှပ်စစ်ဓာတ်အားကို ပြန်သွယ်တန်းပြီး ဖြန့်ဝေပေးမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ လျှပ်စစ်ဓာတ်အားကို တစ်ယူနစ် ရှစ်ဘတ်လောက်နဲ့ ရရှိနိုင်ဖို့ ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံအတွင်းမှာလည်း အဲဒီဈေးနှုန်းထက် အနည်းငယ်လောက်ပဲ ပိုမယ်လို့ ထင်ပါတယ်" ဟု တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
(Eleven News - Sunday, 06 January 2013)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template