Headlines News :
Home » » ကချင်ပြည်နယ်အတွင်း စစ်ပွဲများ ရပ်စဲရေးနှင့် နိုင်ငံရေး တွေ့ဆုံပွဲများ ဖြစ်ပေါ်လာရေး နိုင်ငံတော် သမ္မတနှင့် KNU ဆွေးနွေး

ကချင်ပြည်နယ်အတွင်း စစ်ပွဲများ ရပ်စဲရေးနှင့် နိုင်ငံရေး တွေ့ဆုံပွဲများ ဖြစ်ပေါ်လာရေး နိုင်ငံတော် သမ္မတနှင့် KNU ဆွေးနွေး

Written By လွင့်မောင်မောင် on Sunday, January 6, 2013 | 1:01 PM

ha-6-1-1
သမ္မတဦးသိန်းစိန်နှင့် KNU အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့အား တွေ့ရစဉ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ကရင်အမျိုးသား အစည်းအရုံး KNU တွေ့ဆုံစဉ် ကချင်ပြည်နယ်အတွင်း စစ်ပွဲများ ရပ်စဲရေးနှင့် နိုင်ငံရေးတွေ့ဆုံပွဲများ ဖြစ်ပေါ်လာရေး ဆွေးနွေးခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး အတွင်းရေးမှူး (၂) ဖဒိုစောမန်းမန်းက ဇန်န၀ါရီလ ၅ ရက်က ပြောကြားခဲ့သည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခေါင်းဆောင်များသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်ဖြင့် ဇန်န၀ါရီလ ၅ ရက် ညနေပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် စက်မှုလယ်ယာစနစ် တောင်သူပညာပေး ဧက ၅၀၀ စိုက်ခင်းရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ယခုအကြိမ် တွေ့ဆုံမှုမှာ ဒုတိယအကြိမ်မြောက် ဖြစ်သည်။      
KNU အဖွဲ့မှ အတွင်းရေးမှူး (၂) ဖဒိုစောမန်းမန်းက "အဓိကကတော့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကို အဖြေရှာဖို့ ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ရယ်၊ KNU နဲ့ အပစ်အခတ် ရပ်စဲရေးကိုလည်း ခိုင်မာအောင် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်းဆောင်ရွက်သွားဖို့၊ နောက်ကျွန်တော်တို့ဘက်က တင်ပြတာကတော့ နိုင်ငံရေးအဆင့် ဆွေးနွေးမှုတွေ အစပြုဖို့အတွက် ဆက်လက်ပြီးတော့ ကြိုးပမ်းသွားဖို့ဆိုတဲ့ အချက်တွေပါပဲ" ဟု Eleven Media Group သို့ ပြောပါသည်။
"ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသားဘက်ကရော အစိုးရဘက်ကပါ နှစ်ဖက်လုံးမှာ တာဝန်ရှိတယ်ဆိုတာကို ကျွန်တော်တို့အားလုံး လက်ခံနိုင်ကြပါတယ်။ နောက်တစ်ခုကတော့ အချိန်ကာလတစ်ခုအထိကတော့ အစိုးရအနေနဲ့ပဲဖြစ်ဖြစ်၊ သမ္မတကြီးအနေနဲ့ပဲဖြစ်ဖြစ် စိတ်ရှည်သည်းခံဖို့ လိုပါမယ်။ နှစ်ပေါင်းခြောက်ဆယ် ကာလထိ ဖြစ်နေတဲ့ ပြည်တွင်းစစ်ဟာ ချက်ချင်းပြေလည်နိုင်မှာ မဟုတ်သေးဘူး။ ကျွန်တော်တို့က နောက်တက်တဲ့ အစိုးရနဲ့လည်းပဲ လက်ရှိရထားပြီးသား သဘောတူညီချက်တွေအပြင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိတယ်ဆိုတဲ့ သဘောထားကိုလည်း သမ္မတကြီးကို တင်ပြပြောဆိုခဲ့ပါတယ်" ဟု ဖဒိုစောမန်းမန်းက ဆက်လက်ပြောကြားခဲ့ပါသည်။
KNU အဖွဲ့နှင့် အပစ်အခတ်ရပ်စဲပြီး နှစ်ဦးနှစ်ဖက် လိုလားချက်များ သဘောတူလက်ခံနိုင်သည့် အချက်များကို ထိတွေ့ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ကြိုးပမ်းနေပါကြောင်း၊  ငြိမ်းချမ်းရေးရရှိရေးအတွက် ဆက်လက်ကြိုးစားဆောင်ရွက်မည် ဖြစ်ပါကြောင်းဟု သမ္မတဦးသိန်းစိန်က KNU နှင့် တွေ့ဆုံဆွေးနွေးရာတွင် ပြောကြားခဲ့သည်။             
မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန (Myanmar Peace Center) မှ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက "KNU အဖွဲ့က အပစ်အခတ်ရပ်စဲရေးကိစ္စနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ချင်တယ်ဆိုတဲ့အတွက် သမ္မတကြီးက စီစဉ်ပေးခဲ့တယ်။ ကချင်ပြည်နယ်အရေး KNU က ကြားဝင်ဆောင်ရွက်ပေးမယ်ဆိုရင် လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း သမ္မတကြီးက သဘောထားမှတ်ချက် ပေးခဲ့ပါတယ်" ဟု ပြောပြခဲ့သည်။
တွေ့ဆုံနွေးနွေးမှုတွင် အစိုးရအဖွဲ့မှ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးခင်ရီတို့ ပါဝင်ခဲ့ပြီး KNU အဖွဲ့မှ  ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ အထွေထွေအတွင်းရေးမှူး ချုပ်ဖဒိုစောကွယ်ထူးဝင်း၊ အတွင်းရေးမှူး (၂) ဖဒိုစောမန်းမန်း၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ဖဒိုစောရော်ဂျာခင်၊ ဖဒိုမန်းညိမ်းမောင်နှင့် ဖဒိုစောလှထွန်းတို့ တက်ရောက်ခဲ့ကြသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template