Headlines News :
Home » »  လက်ပံတောင်းတောင် သပိတ်စခန်း ဒဏ်ရာရ သံယာများအနက် သံဃာတော်အပါး ၂၀ အား သီတဂူအာယု ဒါနဆေးရုံတွင် ဆေးကုသ ပေးလျက်ရှိ

 လက်ပံတောင်းတောင် သပိတ်စခန်း ဒဏ်ရာရ သံယာများအနက် သံဃာတော်အပါး ၂၀ အား သီတဂူအာယု ဒါနဆေးရုံတွင် ဆေးကုသ ပေးလျက်ရှိ

Written By လွင့်မောင်မောင် on Saturday, January 12, 2013 | 6:32 PM

လက်ပံတောင်းတောင် သပိတ်စခန်း ဒဏ်ရာရ သံဃာများအနက် သံဃာတော်အပါး ၂၀ အား စစ်ကိုင်းတိုင်း ဒေသကြီးရှိ သီတဂူ ဆရာတော် ဦးဆောင်ဖွင့်လှစ်ထားသည့် သီတဂူအာယု ဒါနဆေးရုံတွင် ဇန်န၀ါရီလ ၇ ရက်နေ့မှ စတင်ပြီး ဆေးကုသ ပေးလျက်ရှိကြောင်း ဒဏ်ရာရ သံဃာတော်များ စောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်သံဃာတော် ဦးသု (ခေါ်) ဦးဝိမလက မိန့်ကြားသည်။
“စစ်ကိုင်း သီတဂူမှာ သံဃာအပါး နှစ်ဆယ်ကို ၇ ရက်နေ့ကစပြီး ဆေးရုံတင်တယ်။ ဆေးစစ်တာတွေ လုပ်နေပါတယ်။ လက်ရှိ လောလောဆယ် ဒဏ်ရာအခြေအနေက မသက်သာသေးတဲ့ သံဃာတွေ ရှိပါတယ်။ ပြန်ပြီး ခွဲစိတ်ခန်း ၀င်ရတဲ့ အနေအထား မျိုးတွေတောင် ရှိပါတယ်” ဟု ဆရာတော် ဦးဝိမလက ပြောကြားခဲ့သည်။
လက်ပံတောင်းတောင် သပိတ်စခန်း ဒဏ်ရာရ သံဃာများအနက် ဒဏ်ရာပြင်းထန်သည့် သံဃာတော် နှစ်ပါးသည် လက်ပံတောင်းတောင် အရေးနှင့် ပတ်သက်ပြီး ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့၏ ဆောင်ရွက်ပေးမှုဖြင့် ထိုင်းနိုင်ငံသို့ သွားရောက် ဆေးကုသမှု ခံယူလျက် ရှိရာ ဒဏ်ရာအခြေအနေ တိုးတက်ကောင်းမွန် သော်လည်း ဆရာတော် ဦးတိက္ခဥာဏမှာ ကာလကြာရှည်စွာ ဆေးကုသမှု ခံယူရအုံးမည်ဖြစ်ကြောင်း ဆရာတော် ဦးဝိမလ၏ ပြောကြားချက်အရ သိရသည်။
ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူလျက်ရှိသည့် သံဃာတော် နှစ်ပါး၏ ဆေးဝါးကုသမှု ကုန်ကျစရိတ်အား စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ မြန်မာနိုင်ငံရှိ ထိုင်းသံရုံးနှင့် ချိတ်ဆက် အကူအညီ ပေးလျက် ရှိကြောင်း သိရသည်။
ထို့ပြင် ဒီဇင်ဘာ ၁၅ ရက်တွင် မန္တလေး ပြည်သူ့ဆေးရုံကြီးမှ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပြောင်းရွှေ့လာသည့် သံဃာတော် လေးပါးအနက် သုံးပါးမှာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ဆက်လက် ဆေးကုသမှု ခံယူလျက်ရှိသည်။
ရန်ကုန်ပြည်သူ့ ဆေးရုံကြီးရှိ သံဃာတော်နှစ်ပါးနှင့် ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူလျက်ရှိသည့် သံဃာတော် နှစ်ပါးတို့မှာ အရေပြား အစားထိုး ကုသမှု ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသို့ ဆေးကုသမှု ခံယူနေသည့် သံဃာတော် နှစ်ပါးသည် ဘန်ကောက်မြို့ရှိ ထိုင်းအစိုးရ ဆေးရုံဖြစ်သည့် ထိုင်းဘုရင့်ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း ဆရာတော် ဦးဝိမလက ပြောကြားခဲ့သည်။
မူလက ဆရာတော် ဦးတိက္ခဥာဏမှာ ဘန်ကောက် ပုဂ္ဂလိက ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ခြင်းဖြစ်ပြီး ဆေးကုသစရိတ် ကြီးမြင့်သောကြောင့် ဘန်ကောက် ဆေးရုံကြီးမှ ထိုင်းအစိုးရ ဆေးရုံသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၉ရက်နေ့ နံနက်ပိုင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အင်အားသုံး ဖြိုခွင်းခဲ့မှုကြောင့် သံဃာတော်အပါး တစ်ရာဝန်းကျင် မီးလောင်ဒဏ်ရာ ရရှိခဲ့ပြီး ယင်းဖြစ်ရပ်ကို ကန့်ကွက်ကြောင်း သံဃာတော်များနှင့် ပြည်သူများက မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက် ပြုလုပ်ခဲ့ကြသည်။
ဒီဇင်ဘာ ၁၅ ရက်က မန္တလေး မြို့တွင် လက်ပံတောင်းတောင် အရေးနှင့် ပတ်သက်ပြီး သံဃာတော်များအား အစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက တောင်းပန်မှု ပြုလုပ်ခဲ့သည့် အတွက် ဆန္ဒထုတ်ဖော်မှုများ ရပ်နားခဲ့ကြသည်။
 Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template