Headlines News :
Home » »  လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ မြန်မာ့စီးပွားရေး ဦးပိုင်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်ကို ဘက်စုံထောင့်စုံမှ စိစစ်နိုင်ရန် ပညာရှင်များ ခန့်အပ်ထားကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ထုတ်ပြန်

 လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ မြန်မာ့စီးပွားရေး ဦးပိုင်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်ကို ဘက်စုံထောင့်စုံမှ စိစစ်နိုင်ရန် ပညာရှင်များ ခန့်အပ်ထားကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ထုတ်ပြန်

Written By လွင့်မောင်မောင် on Saturday, January 12, 2013 | 6:17 PM

1.11.11
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့ပတ်ဝန်းကျင် သိပံ္ပအဖွဲ့တို့ ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် တွေ့ဆုံနေစဉ်
 လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်ကို ဘက်စုံထောင့်စုံမှ စိစစ်နိုင်ရန် ပညာရှင်များ ခန့်အပ်ထားကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် “လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားသည့် စာချုပ်ကို ဘက်စုံထောင့်စုံမှ စိစစ်နိုင်ရန် အတွက် သတ္တုတွင်းလုပ်ငန်းနှင့် ပတ်သက်၍ လည်းကောင်း၊ ဥပဒေ ပညာပိုင်းနှင့် ပတ်သက်၍ လည်းကောင်း ကျွမ်းကျင်သူ ပညာရှင်နှစ်ဦးအား နိုင်ငံတော် သမ္မတရုံး၏ စီစဉ်ပေးမှုဖြင့် ခန့်ထားခဲ့ပါသည်။ အဆိုပါ စာချုပ်နှင့် ပတ်သက်၍ လည်းကောင်း၊ အခြားကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့သည် ကျွမ်းကျင်သူ ပညာရှင်များနှင့်အတူ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဥက္ကဋ္ဌနှင့်အဖွဲ့အား ဇန်န၀ါရီလ ၉ ရက်နေ့ကလည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ပေးအပ်သည့် လုပ်ငန်းတာဝန်များကို အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်လျက် ရှိရာတွင် ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ ဆောင်ရွက်သင့်သည့် နည်းပညာများ အသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်း ရှိမရှိ စိစစ်ရန်အတွက် ပညာရှင်ပေါင်းစုံ ပါဝင်သည့် မြန်မာ့ဝန်းကျင် သိပံ္ပအဖွဲ့အား ဖွဲ့စည်းတာဝန် ပေးအပ်ပြီး ဆောင်ရွက်စေခဲ့ ပါသည်။
မြန်မာ့ပတ်ဝန်းကျင် သိပံ္ပအဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ လည်းကောင်း၊ စံပယ်တောင်နှင့် ကြေးစင်တောင် ကြေးနီစီမံကိန်း လုပ်ဆောင်နေမှုကို လည်းကောင်း သွားရောက်ကြည့်ရှု၍ လက်တွေ့ ကွင်းဆင်းလေ့လာ ခဲ့ပါသည်။
ထို့အပြင် မြန်မာ့ဝန်းကျင် သိပ္ပံအဖွဲ့သည် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့မှ စ၍ စီမံကိန်း ပြုလုပ်သည့် ဒေသပတ်ဝန်းကျင်တွင် ရှိနေသော လေထုသန့်ရှင်းမှု အဆင့် အခြေအနေတို့ကိုလည်း လက်တွေ့ ကွင်းဆင်း စိစစ်ခဲ့ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ ပဏာမ အစီရင်ခံစာကို ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် တင်ပြခဲ့ပါသည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဋ္ဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ် သည် ဇန်န၀ါရီလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးရှိ ကျေးရွာများအား ထပ်မံကွင်းဆင်း လေ့လာခဲ့ပါသည်။
နိုင်ငံတော် အနေဖြင့် လက်ပံတောင်းတောင် သပိတ်စခန်းမှ မီးလောင်ဒဏ်ရာရသည့် လူနားများအား ဆေးကုသမှုကို တာဝန်ယူလျှက် ရှိရာ ကော်မရှင် အနေဖြင့် လိုအပ်သည် များကို ဆက်လက်ညှိုနှိုင်း ဆောင်ရွက်ပေးလျက် ရှိပါသည်။ မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသ နေကြသော လူနာအားလုံးသည် ဆေးကုသမှု ခံယူပြီး ဖြစ်ကြသဖြင့် ဆေးရုံမှ ဆင်းသွားကြပြီး ဖြစ်ပါသည်။ ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူနေကြသည့် သံဃာနှစ်ပါးအနက် ရှင်သဇ္ဇန၏ ကျန်းမာရေး အခြေအနေမှာ တိုးတက် ကောင်းမွန်လာပြီ ဖြစ်ရာ မကြာမီ မြန်မာနိုင်ငံသို့ ပြန်လာနိုင်မည့် အခြေအနေ ရှိသည်ဟု သိရှိရပါသည်။ သံဃာတော် ဦးတိက္ခဥာဏ၏ အခြေအနေ သည်လည်း တိုးတက်မှု ရရှိနေပြီ ဖြစ်ပြီး ဆက်လက်၍ ဆေးကုသမှု ခံယူရန် လိုအပ်သေးသည်ဟု ကော်မရှင်အနေဖြင့် သိရှိရပါသည်” ဟု သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ နိုင်ငံတော်သမ္မတထံ ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် တင်ပြရမည့် ကြားဖြတ် အစီအရင်ခံစာကို ဇန်န၀ါရီလ ၃၁ ရက်နေ့ မတိုင်မီ ကြိုတင် တင်သွင်းသွားရန် ရှိကြောင်း အဆိုပါ ကော်မရှင် အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
“ဒီနေ့ (ဇန်န၀ါရီလ ၁၁) ရက်နေ့ ထုတ်ပြန်ချက်က ကော်မရှင်ရဲ့ လေ့လာတွေ့ရှိ ချက်တွေကို ထပ်မံ ထုတ်ပြန်ပေးတာ ဖြစ်ပါတယ်။ ကျွန်မတို့ ကော်မတီအနေနဲ့ နိုင်ငံတော် သမ္မတထံကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ လေ့လာတွေရှိချက် ကြားဖြတ် အစီအရင်ခံစာ တင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ ဥက္ကဌအနေနဲ့ သတ်မှတ်ရက်ထက် စောတင်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ဇန်န၀ါရီလ ၂၃ ရက်နေ့ နောက်ပိုင်းမှာ တင်သွင်းသွားဖို့ ရှိပါတယ်။ နိုင်ငံတော်သမ္မတထံ တင်သွင်းမယ့် ကြားဖြတ် အစီအရင်ခံစာက လက်ပံတောင်းတောင် စီမံကိန်း ဆက်လက်ဆောင်ရွက်ရန် သင့်မသင့် အဆုံးအဖြတ် ပေးမှာ မဟုတ်ပါဘူး။ ကော်မရှင်ဖွဲ့ စည်း ဆောင်ရွက်တဲ့ ကာလတစ်လျှောက် လေ့လာတွေ့ရှိချက်တွေကိုပဲ တင်ပြသွားမှာ ဖြစ်ပါတယ်။ စနစ်တကျ လေ့လာမှုတွေ ဆောင်ရွက်ပြီးမှ စီမံကိန်းက ဆက်လုပ်သင့် မလုပ်သင့်ကို ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။ နောက်ဆုံး အဆုံးအဖြတ် ပေးနိုင်မယ့် အချိန်ကို အတိအကျ မပြောနိုင် သေးပါဘူး” ဟု ဒေါ်ခင်စန်းလှိုင်က ပြောကြားခဲ့သည်။
ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် လွှတ်တော်ရေးရာဆောင်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့ပတ်ဝန်းကျင် သိပ္ပံအဖွဲ့တို့ တွေ့ဆုံခဲ့ပြီး အဆိုပါ အဖွဲ့မှ လက်ပံတောင်းတောင် စီမံကိန်းတွင် ဖြစ်ပေါ်နေသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အမြင်များကို တင်ပြခဲ့ကြကြောင်း သိရှိရသည်။ “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက လက်ပံတောင်းတောင်မှာ သူတို့ဘာတွေ တွေ့ရှိခဲ့လဲ။ ဘယ်လို အခြေအနေတွေ ရှိလဲဆိုတာ တင်ပြခဲ့တာပါ။ အရင်တုန်းက ကော်မရှင် အဖွဲ့မှာလည်း ကျွမ်းကျင်သူတွေ ရှိပါတယ်။ ကော်မရှင် အဖွဲ့ဝင်တွေကလည်း သွားပြီး လေ့လာပြီးပါပြီ။ သူတို့အဖွဲ့က ကော်မရှင် ပြင်ပက အဖွဲ့ဆိုတော့ Independent Opinion ရတာပေါ့” ဟု စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template