Headlines News :
Home » » လူမှုဝန်ထမ်းလက်အောက်ရှိ မီးသတ်ဦးစီးဌာနအား ပြည်ထဲရေး ၀န်ကြီးဌာနသို့ အလုံးစုံပြန်လည် ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း သိရ

လူမှုဝန်ထမ်းလက်အောက်ရှိ မီးသတ်ဦးစီးဌာနအား ပြည်ထဲရေး ၀န်ကြီးဌာနသို့ အလုံးစုံပြန်လည် ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း သိရ

Written By လွင့်မောင်မောင် on Monday, January 7, 2013 | 6:50 PM

Monday, January 07, 2013

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန
လက်အောက် မီးသတ်ဦးစီးဌာနအား ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်သို့ အလုံးစုံပြန်လည် ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း မီးသတ်ဦးစီဌာနရှိ တာဝန်ရှိသူထံမှ သတင်းရရှိသည်။

ယင်းမီးသတ်ဦးစီးဌာနမှာ နိုဝင်ဘာလ ၆ ရက်နေ့က အမိန့်အမှတ် ၃၈/၂၀၁၂ ဖြင့် လုပ်ငန်းပိုင်းဆိုင်ရာအား ပြောင်းရွှေ့ခဲ့ပြီး ဌာနဆိုင်ရာအလုံးစုံ ပြောင်းရွှေ့မှုကို ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်း
မတိုင်မီတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက "ကျွန်တော်တို့အနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ကို လုပ်ငန်းပိုင်းဆိုင်ရာ ပြောင်းရွှေ့မှုတွေကို အရင်ပြုလုပ်ခဲ့ပြီး
နောက်ပိုင်းမှာတော့ ဌာနဆိုင်ရာလုံး ပြောင်းရွှေ့ခဲ့ပါတယ်။ ကျွန်တော်တို့ဌာနပြောင်းရွှေ့မှုက ပြည်ထောင်စုအစိုးအရ၏ အမိန့်နဲ့ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

ယခုပြည်ထဲရေးဝန်ကြီးဌာန လက်အောက်သို့ ပြန်လည်ပြောင်းရွှေ့
သွားသော မီးသတ်ဦးစီးဌာနမှာ ၁၉၄၇ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ
ပြည်ထဲရေးဌာနလက်အောက်တွင် ရှိခဲ့သော်လည်း ၁၉၉၂ ခုနှစ်တွင် လူမှုဝန်ထမ်းနှင့်ပြန်လည်နေရာချထားရေးဌာန ဖွဲ့စည်းခဲ့သဖြင့် အဆိုပါဌာနသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

လက်ရှိ မြန်မာတစ်နိုင်ငံလုံး၌ မီးသတ်ဌာန၏ ဖွဲ့စည်းပုံအရ အင်အား ၇၀၀၀ ကျော်ရှိပြီး ၀န်ထမ်း ၄၀၀၀ ကျော်ရှိကြောင်းလည်း သိရသည်။

Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template