Headlines News :
Home » »  တပ်မတော်နှင့် KIA အကြား တိုက်ပွဲဖြစ်ပွားမှု စစ်ရှိန်လျော့ကျသွားခြင်း မရှိသေး

 တပ်မတော်နှင့် KIA အကြား တိုက်ပွဲဖြစ်ပွားမှု စစ်ရှိန်လျော့ကျသွားခြင်း မရှိသေး

Written By လွင့်မောင်မောင် on Sunday, January 6, 2013 | 12:24 PM

ha-6-1-3
ဝိုင်းမော်မြို့ဘက်သို့ သွားရောက်နေသည့် တပ်မတော်ယာဉ်တန်းကို ဒီဇင်ဘာလနှစ်ကုန်ပိုင်းက ဗလမင်းထင်တံတားအနီးတွင် တွေ့ရစဉ်
တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွားမှု စစ်ရှိန် လျော့ကျသွားခြင်း မရှိသေးကြောင်း KIO မှ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ဇန်န၀ါရီလ ၅ ရက်နေ့နံနက်ပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။
တိုက်ပွဲဖြစ်ပွားမှုသည် ဒီဇင်ဘာလအတွင်းမှ စတင်ပြီး ပိုမိုပြင်းထန်လာခြင်းဖြစ်ကာ ၂၀၁၃ ခုနှစ်သို့ ရောက်ရှိအချိန်အထိ စစ်ရှိန်လျော့ကျသွားခြင်း မရှိသေးဘဲ ဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်သည်။
"ဇန်န၀ါရီလ ၄ ရက်နေ့ ညနေငါးနာရီနောက်ပိုင်းတော့ လဂျားယန်ဘက်မှာ လက်နက်ကြီးပစ်ခတ်မှုတွေ ရှိတယ်။ ရဟတ်ယာဉ်ကတော့ ဒီဇင်ဘာလ ၃၀ ရက်နေ့က သူတို့သိမ်းလိုက်တဲ့ ပွိုင့် ၇၇၁ တောင်ကုန်းကို ဆင်းသက်တာ သိရတယ်။ ပစ္စည်းအတင်အချ လုပ်သွားတာ ရှိတယ်လို့ သိရတယ်။ လဂျားယန်ဘက်ကို ပစ်ခတ်သွားတာ မရှိဘူး။ ဒါပေမဲ့ ဒေါ့ဖုန်းယန်အထက်ဘက် KIA ရှိတဲ့ ပန်ဆွမ်စခန်းကိုတော့ ပစ်ခတ်သွားတာ ရှိတယ်။ ပန်ဝါဘက်မှာတော့ ဇန်န၀ါရီလ ၄ ရက်နေ့ နံနက် ၁၀ နာရီကနေ ညနေ ၅ နာရီအထိ တပ်မ ၈၈ လက်အောက်ခံ ခလရ ၇၇၊ ၁၀၊ ၁၃ တပ်ရင်းတွေက ထိုးစစ်ကို တစ်နေကုန် တောက်လျှောက်လုပ်တယ်။ လေယာဉ်လာတာတော့ သတင်းမရဘူး" ဟု ဦးလနန်က ပြောသည်။
ယခုရက်ပိုင်းများအတွင်း လေယာဉ်ဖြင့် တိုက်ခိုက်မှု နည်းပါးသွားသော်လည်း မြေပြင်တိုက်ပွဲများ ဆက်ရှိနေသဖြင့် စစ်ရှိန်လျော့ကျပြီဟု မဆိုနိုင်ကြောင်း ဦးလနန်က ဆက်လက်ပြောကြားခဲ့သည်။
"လေယာဉ်နဲ့ လာတိုက်တာတော့ နည်းနည်းလျော့သွားတယ်။ ဒါပေမဲ့ မြေပြင်မှာရှိနေတဲ့ စစ်ကြောင်းတွေက ရှေ့ကို ဆက်တိုးနေတယ်။ မြေပြင်တိုက်ပွဲတွေက ရှိနေတုန်းပဲ။ စစ်ရှိန်လျော့တယ်လို့တော့ ပြောလို့မရသေးဘူး။ လက်နက်ကြီး ပစ်ခတ်မှုတွေက ရှိနေတုန်းပဲ" ဟု ဦးလနန်က ပြောကြားခဲ့ပါသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် တပ်မတော်ကြားတွင် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလမှ စ၍ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး ၁၇ နှစ်ကြာ ငြိမ်းချမ်းရေးရရှိခဲ့သည်။ ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာထိ တိုက်ပွဲပေါင်း အကြိမ် ၂၄၀၀ ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၂၀၁၂ ဒီဇင်ဘာလနှောင်းပိုင်းတွင် တပ်မတော်မှ လေကြောင်းပစ်ကူများဖြင့်ပါ တိုက်ခိုက်ခဲ့ပြီး ယင်းစစ်ပွဲများ အမြန်ဆုံးရပ်ဆိုင်းရန် နယ်ပယ်အသီးသီးမှ ထင်ရှားသူများနှင့် ပြည်သူများက တောင်းဆိုခဲ့သည်။    ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကချင်ပြည်နယ်အတွင်း ဒုက္ခသည်အရေအတွက်မှာ  ၁၆၀၀၀၀ အထိရှိလာခဲ့ကြောင်း သိရသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template