Headlines News :
Home » » အိန္ဒိယနှင့် မြန်မာ နယ်စပ်ပြဿနာများ ဖြေရှင်းရန် ကျန်သေး

အိန္ဒိယနှင့် မြန်မာ နယ်စပ်ပြဿနာများ ဖြေရှင်းရန် ကျန်သေး

Written By လွင့်မောင်မောင် on Sunday, October 6, 2013 | 10:45 PM

 မြန်မာအိန္ဒိယ နှစ်နိုင်ငံ လက်ရှိ ဆက်ဆံရေး အနေ အထားသည် စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံမှု
အပါအ၀င် ကဏ္ဍပေါင်းစုံတွင် တိုးတက်သည့် ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ထွန်းနေသော်လည်း
ကျန်ရှိနေသည့် နယ်စပ်ပြဿနာများကို အဖြေရှာရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြား
ရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိက ပြောသည်။

"စီမံကိန်း အကောင်အထည်ဖော်နိုင်တဲ့ နေရာဒေသ ဒါမှမဟုတ် စီမံကိန်းမလုပ်နိုင်တဲ့ နေရာတွေ
အပါအ၀င် ဖြေရှင်းဖို့ ကျန်ရှိနေတဲ့ နယ်စပ်ပြဿနာတွေကို အဖြေရှာဖို့ ကျွန်တော်တို့ ကြိုးပမ်းနေပါ
တယ်"ဟု အိန္ဒိယနိုင်ငံခြား ရေး ၀န်ကြီးဌာနမှ အတွင်းဝန် မစ္စတာ ပီနစ်ရမ်ဂျန် ချာကရာဗာတီက
"India's Reponse to a Changing Myanmar" ဆွေးနွေးပွဲတွင် ပြောသည်။

မြန်မာအိန္ဒိယနယ်စပ်ဒေသတွင် ယနေ့တိုင် အတည်တကျ မသတ်မှတ်နိုင်သေးသည့် နယ်စပ်
မှတ်တိုင် ကိုးခု ရှိရာ လွန်ခဲ့သည့် ဩဂုတ်လ အတွင်း မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်
တမူးမြို့အနီး မဏိပူရ နယ်စပ်အတွင်းသို့ မြန်မာစစ်တပ်မှ ၀င်ရောက်သည်ဆိုသည့် သတင်းများ
ထွက်ပေါ်လာခြင်းကို ၎င်းက ရည်ညွှန်းပြောဆိုလိုက်ခြင်းဖြစ်သည်။

စက်တင်ဘာလ ၂၀ ရက်နေ့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ အိန္ဒိယအပြည်ပြည်ဆိုင်ရာ စင်တာ၌
ကျင်းပသော ယင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့် ဦးဇိုဇမ်
နှင့် ဒေါက်တာအေးမောင်၊ အရပ်ဘက်လူမှုအဖွဲ့အစည်းဖြစ်သည့် ဂျီဒီအိုင် မြန်မာအပါအ၀င်
အိန္ဒိယနိုင်ငံမှ အစိုးရတာဝန် ရှိသူများ၊ သံတမန်များနှင့်အရပ်ဘက်အဖွဲ့ များမှ ကိုယ်စားလှယ်များ
တက်ရောက်ခဲ့သည်။

ချင်းပြည်နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးဇိုဇမ်ကမူ ယနေ့အချိန်တွင် မြန်မာနိုင်ငံသည်
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နေဆဲကာလဖြစ်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ
ကိုလည်း ဖိတ်ခေါ်လျက်ရှိကြောင်း၊ အလားတူ အိမ်နီးချင်းနိုင်ငံများ၏ ဆက်ဆံရေးကိုလည်း အထူး
အလေးထားသည့် နည်းတူ အိန္ဒိယ နိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာစွာ တည်ဆောက်လို
ကြောင်း၊ အိန္ဒိယ ကုမ္ပဏီများ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီး မြှုပ်နှံရာတွင် ပွင့်လင်းမြင်သာမှု
ရှိစွာဖြင့် ဒေသများ၏ အကျိုးစီးပွားအပါအ၀င် နှစ်နိုင်ငံ အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်စေလို
ကြောင်း ဆွေးနွေးခဲ့သည်။

ထို့ပြင် ချင်းပြည်နယ်နှင့် အိန္ဒိယနယ်စပ် မီဇိုရမ်ဒေသ အကြား ခြံစည်းရိုးကာရံသည့် ကိစ္စအား
အိန္ဒိယအစိုးရအနေဖြင့် စဉ်းစားပေးရန် တောင်းဆိုခဲ့သည်။

"ဒီသတင်း(ခြံစည်းရိုးကာရံခြင်း) မှန်၊ မမှန်တော့ မသေချာပါဘူး။ ကျွန်တော်တို့ ချင်းလူမျိုးတွေ
အနေနဲ့ မှတ်ယူထားတာကတော့ မီဇိုရမ်(ချင်း)နဲ့ ဇိုးမီ(ချင်း) လူမျိုးတွေဟာ မိသားစုတစ်ခုတည်းက
ဖြစ်တည်လာတာပါ။ ဘာသာစကား၊ ယဉ်ကျေးမှု၊ သမိုင်းကြောင်း အရလည်း အတူတူပါပဲ။ အခုလို
နှစ်ပိုင်းကိုခွဲခြားပြီး ခြံစည်းရိုး တံတိုင်းတွေကာရံပြီး နေရမယ်ဆိုရင် တကယ့်ကို စိတ်မကောင်းစရာ
ဖြစ်မယ့်ကိစ္စပါပဲ"ဟု ချင်းအမျိုးသားပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဦးဇိုဇမ်က ပြောသည်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသနှင့် ဘင်္ဂလားပင်လယ်အော်နှင့် နယ်နိမိတ် ထိစပ်နေသည့်
မြန်မာနိုင်ငံသည် မဟာဗျူဟာကျသည့် အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ်ပြီး နယ်စပ်ဒေသဖွံ့ဖြိုး
တိုးတက်ရေးအတွက် ကုလားတန်ဘက်စုံ စီမံကိန်း အပါအ၀င် ကီလိုမီတာ ၁,၄၀၀ ရှည်လျားသည့်
အိန္ဒိယနှင့် မြန်မာနိုင်ငံကို ဆက်သွယ် နိုင်မည့် ကားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းများမှာလည်း
တိုးတက်လျက်ရှိကြောင်း မစ္စတာ ပီနစ်ရမ်ဂျန် ချာကရာဗာတီ ကပြောသည်။

ထို့ပြင် အိန္ဒိယသည် မြန်မာနိုင်ငံမှ ရေနံနှင့် သဘာဝဓာတ်ငွေ့အပါအ၀င် အခြားသောစားသောက်
ကုန်များကို အဓိကတင်သွင်းနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ESSAR၊  Jubilant စသည့် အိန္ဒိယ
ကုမ္ပဏီများသည် စွမ်းအင်၊ သစ်နှင့် အခြားကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းလျက်ရှိကြောင်း
၎င်းက ပြောသည်။

လက်ရှိ အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၅ ဘီလျံ
ခန့်ရှိရာ မြန်မာဘက်မှ အိန္ဒိယသို့ အမေရိကန်ဒေါ်လာ သန်း ၅၅၀ အထိ တင်ပို့နိုင်ကြောင်းသိရ
သည်။

"နှစ်နိုင်ငံကုန်သွယ်မှုများ မြန်မာဘက်က အသာစီးရနေတဲ့ အနေအထားမှာ ရှိပါတယ်"ဟု မစ္စတာ
ပီနစ်ရမ်ဂျန် ချာကရာဗာတီ ကပြောသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီ အခြေစိုက် မြန်မာစင်တာ၏ ဥက္ကဋ္ဌဖြစ်သူ ဦးတင့်ဆွေကလည်း နယ်စပ်
ဒေသရှိ ဘိန်းစိုက်ပျိုး ထုတ်လုပ်ရောင်းချမှုများသည် နှစ်နိုင်ငံ အစိုးရများအနေဖြင့် စနစ်တကျ
ဖြေရှင်းရမည့် ပြဿနာတစ်ရပ်ပင်ဖြစ်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။
မြန်မာတိုင်း(မ်)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template