Headlines News :
Home » » အွန်လိုင်းတွင်ပြန့်နှံ့နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏အခြေခံဥပဒေပြင်ဆင်ရေးအဖွဲ့ချုပ်သဘောထားများဆိုသည်မှာ ထုတ်ပြန်ထားခြင်းမဟုတ်ဟုကြေငြာ

အွန်လိုင်းတွင်ပြန့်နှံ့နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏အခြေခံဥပဒေပြင်ဆင်ရေးအဖွဲ့ချုပ်သဘောထားများဆိုသည်မှာ ထုတ်ပြန်ထားခြင်းမဟုတ်ဟုကြေငြာ

Written By လွင့်မောင်မောင် on Sunday, October 6, 2013 | 11:00 PM


ယခုရက်ပိုင်း အွန်လိုင်းတွင်တွေ့ရှိနေရသော အခြေခံဥပဒေပြင်ဆင်ရေးအဖွဲ့ချုပ်သဘောထားများဆိုသည်မှာ
ယခုလက်ရှိအဖွဲ့ချုပ်အခြေခံဥပဒေပြင်ဆင်ရေးကော်မတီမှထုတ်ပြန်ထားခြင်းမဟုတ်ပါ။ အခြေခံဥပဒေတွင်ပြင်ဆင်သင့်သောအချက်များကို အဖွဲ့ချုပ်အနေဖြင့် တိုင်းရင်းသားပါတီများနှင့်ဆွေးနွေးခြင်း၊ ပြည်သူ့သဘောထားများရယူခြင်း၊အဖွဲ့ချုပ်အတွင်းဆွေးနွေးနေခြင်းစသည့်အဆင့်တွင်သာရှိနေပါသေးသည်။အဖွဲ့ချုပ်သဘောထားကိုတရားဝင်ထုတ်ပြန်ရာတွင် ပြည်တွင်း၊ပြည်ပသို့တရားဝင်ကြေညာချက်ထုတ်ပြန်သွားမည်ဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီသည် မိမိတို့အဖွဲ့ချုပ်၏ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင်
print media အဖြစ် ဒီလှိုင်းစာစောင်ကို အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်ဝေလျက်ရှိပါသည်။ ထို့ပြင် online media အဖြစ် www.nldburma.orgကိုတည်ထောင်ထုတ်လွှင့်လျက်ရှိပါသည်။ ဆိုရှယ်မီဒီယာဆိုက်အဖြစ်လည်း https://www.facebook.com/pages/National-League-for-Democracy/199678676714208 နှင့် https://www.facebook.com/InfoNLD ကိုဖွင့်လှစ်ထားပါသည်။
အထက်ဖေါ်ပြပါ စာစောင်နှင့်ဝက်ဘ်ဆိုက်များတွင်သာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏တရားဝင်တင်ပြချက်များကိုထုတ်ပြန်သွားမည်ဖြစ်ပါသည်။
အဖွဲ့ချုပ်ပြန်ကြားရေးဌာန၏လိုအပ်ချက်များကို ယခုထက်ပိုမိုကောင်းမွန်အောင်လည်း ဆက်လက်အားထုတ်ကြိုးပမ်းလျက်ရှိပါသည်။ ဝေဖန်အကြံပေးသူများအားအထူးပင်
ကျေးဇူးတင်ရှိပါသည်။
လေးစားစွာဖြင့်
ကြည်တိုး
ဒေါင်းမာန်ဟုန် .. မှ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template