Headlines News :
Home » » မြန်မာနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌတာဝန် လက်ခံရယူမည့် (၂၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများ အောက်တိုဘာ ၉ ရက်တွင် စတင်မည်

မြန်မာနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌတာဝန် လက်ခံရယူမည့် (၂၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများ အောက်တိုဘာ ၉ ရက်တွင် စတင်မည်

Written By လွင့်မောင်မောင် on Monday, October 7, 2013 | 9:50 AM

 S-7-10
၂၀၁၃ ခုနှစ် ဧပြီလအတွင်းက ဘရူနိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သော အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည့် အာဆီယံ နိုင်ငံများမှ ခေါင်းဆောင်များအား တွေ့ရစဉ်
မြန်မာနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို လက်ခံရယူမည့် (၂၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးများနှင့် ဆက်စပ်အစည်းအဝေးများကို အောက်တိုဘာ ၉ ရက်တွင် ဘရူးနိုင်းနိုင်ငံ၌ စတင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက်အထိ နှစ်ရက်ကြာပြုလုပ်မည့် အာဆီယံနှင့် ဆက်စပ်အစည်းအဝေးများတွင် (၂၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ၊ အာဆီယံ-တရုတ်ဆွေးနွေးပွဲ၊ အာဆီယံ -ဂျပန် ဆွေးနွေးပွဲ၊ အာဆီယံ-တောင်ကိုရီးယား ဆွေးနွေးပွဲ၊ အာဆီယံ-အိန္ဒိယ ဆွေးနွေးပွဲ၊ အာဆီယံ- အမေရိကန် ခေါင်းဆောင်များ တွေ့ဆုံပွဲ၊ အာဆီယံ+၃ (တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား) ဆွေးနွေးပွဲနှင့် ရှစ်ကြိမ်မြောက် အရှေ့အာရှ ဆွေးနွေးပွဲများကို ပြုလုပ်မည် ဖြစ်သည်။
ထိုဆွေးနွေးပွဲများအတွက် အာဆီယံ အကြီးတန်း အရာရှိများ၏ အကြိုညှိနှိုင်း အစည်းအဝေးများကို အောက်တိုဘာ ၇ ရက်နှင့် ၈ ရက်များတွင် ပြုလုပ်မည်ဖြစ်သည်။ အကြိုညှိနှိုင်း အစည်းအဝေးများ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာဆီယံရေးရာ ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် အောက်တိုဘာ ၆ ရက်က ဘရူနိုင်းနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
အာဆီယံ နိုင်ငံများမှ သမ္မတ၊ ၀န်ကြီးချုပ် အစရှိသူတို့ တက်ရောက်မည့် (၂၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် သမ္မတ ဦးသိန်းစိန်၏ အစီအစဉ်များနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်အား မေးမြန်းရာ လက်ရှိအချိန်တွင် ခရီးစဉ်နှင့် ပတ်သက်ပြီး အသေးစိတ် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း အောက်တိုဘာ ၅ ရက် ညနေပိုင်းက ဖြေကြားခဲ့သည်။
လက်ရှိအချိန်တွင် ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်၊ ဖိလစ်ပိုင် သမ္မတ အကွီနို၊ ဗီယက်နမ်ဝန်ကြီး ချုပ်ငုယင်တန်ဇွန်းတို့က (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်မည် ဖြစ်ကြောင်းနှင့် ကိုယ်စားလှယ် အဖွဲ့ဝင် မည်မျှပါဝင်မည် ဆိုကြောင်းကို ထုတ်ဖော်ပြောကြား ထားပါသည်။
ထို့အပြင် အာဆီယံဒေသတွင်း ပြေလည်မှု မရနိုင်သေးသော ပြဿနာတစ်ရပ်ဖြစ်သည့် တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံက တရုတ်နိုင်ငံနှင့် သီးခြားဆွေးနွေးရန် အစီအစဉ် မရှိကြောင်း ဖိလစ်ပိုင်သမ္မတ အကွီနိုက ထုတ်ဖော်ပြောကြား ထားပါသည်။
အောက်တိုဘာ ၁၀ ရက် ထိပ်သီးဆွေးနွေးပွဲ ဒုတိယနေ့ နောက်ဆုံးအစီအစဉ်တွင် ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံက ဘရူနိုင်း နိုင်ငံထံမှ လက်ခံရယူမည်ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားရန် အစီအစဉ် ရှိကြောင်း (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲ ကျင်းပရေး ကော်မတီထံမှ သိရသည်။
မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ပထမဆုံးအကြိမ် ရယူမည်ဖြစ်ပြီး ထိုသို့ တာဝန်ယူချိန်တွင် ကိုင်တွယ်ဖြေရှင်းရမည့်ကိစ္စ ကိုးခုထက်မနည်းရှိကြောင်း စက်တင်ဘာ ၂၇ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော Challenges Ahead: Myanmar's ASEAN Chair 2014 and Beyond အလုပ်ရုံ ဆွေးနွေးပွဲတွင် အာဆီယံရေးရာ ကျွမ်းကျင်သူများက ပြောကြားသည်။
ထိုသို့ ကိုင်တွယ်လုပ်ဆောင်ရမည့် ကိစ္စရပ်များမှာ အာဆီယံ အသိုက်အမြုံ တည်ဆောက်ရေးကို သတ်မှတ်ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်ရေး၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများအကြား တစ်ကြိမ်မျှ ပြန်လည်သုံးသပ်ရခြင်း မရှိသေးသော ASPC (ASEAN Political Security Community) ကို သုံးသပ်ခြင်း၊ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဖြစ်သော အာဆီယံ စီးပွားရေး အသိုက်အမြုံ မျှော်မှန်းချက်မှ ကျန်ရှိနေသည်များကို ဆက်လက်အကောင်အထည် ဖော်ရေး၊ ASCC (ASEAN Socio Cultural Community) သုံးသပ်ချက်များကို ဆွေးနွေးခြင်း၊ ပုဂ္ဂလိကပိုင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် ရေးဆွဲထားသော မူဘောင်များမှာ အာဆီယံ နိုင်ငံများအကြား ချိတ်ဆက်စေမှုကို မည်သို့အကူအညီ ပေးနိုင်မည် ဆိုသည်ကို ဆွေးနွေးခြင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံ ဖြစ်ရေးအတွက် အရှေ့တီမောနိုင်ငံ၏ လျှောက်ထားမှုကို သုံးသပ်ဆောင်ရွက်ရေး၊ အာဆီယံ နိုင်ငံများအကြား နိုးကြားမှု ရှိစေရန် ဆက်သွယ်မှု အစီအစဉ်များ ဆောင်ရွက်ရေး၊ အမေရိကန်၊ တရုတ် အပါအ၀င် အာဆီယံ မိတ်ဖက်နိုင်ငံများအကြား မျှခြေကို ထိန်းညှိဆောင်ရွက်ပေးခြင်း၊ တောင်တရုတ်ပင်လယ်၊ ကိုရီးယား ကျွန်းဆွယ်အရေး၊ အရှေ့အလယ်ပိုင်း ကိစ္စရပ်များအပြင် နိုင်ငံတွင်း ကိစ္စရပ်ဖြစ်သော ရခိုင်အရေး ကိစ္စရပ်များကို ဆောင်ရွက်ခြင်းတို့ဖြစ်ကြောင်း သိရသည်။
၎င်းအပြင် အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ရယူထားစဉ် အချိန်၌ နိုင်ငံတွင်း ပဋိပက္ခများ တည်ငြိမ်အောင် ဆောင်ရွက်ရေးက အရေးပါကြောင်း ERIA Academic Advisory Council (AAC) ၏ ဥက္ကဋ္ဌ Dr, Hank Lim က စက်တင်ဘာ ၂၇ ရက်က ပြောကြားသည်။
၁၉၆၇ ခုနှစ် သြဂုတ် ၈ ရက်က စတင်ဖွဲ့စည်းခဲ့သော အာဆီယံသည် လက်ရှိအချိန် အဖွဲ့ဝင် ဆယ်နိုင်ငံဖြင့် ဒေသတွင်း အသိုက်အ၀န်း တစ်ခုအဖြစ် ရပ်တည်လျက် ရှိနေပြီး ၂၀၁၅ ခုနှစ်တွင် အာဆီယံ စီးပွားရေး အသိုက်အမြုံ (ASEAN Economic Community - AEC) ကို လက်တွေ့အကောင်အထည် ဖော်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေပါသည်။
သတင်းနှင့်ဓာတ်ပုံ-Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template