Headlines News :
Home » » ကိုးကန့်ဒေသ ပဋိပက္ခချုပ်ငြိမ်းစေရေး ကွင်းဆင်းစစ်ဆေးပေးဖို့ အစိုးရအား သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်တောင်းဆို

ကိုးကန့်ဒေသ ပဋိပက္ခချုပ်ငြိမ်းစေရေး ကွင်းဆင်းစစ်ဆေးပေးဖို့ အစိုးရအား သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်တောင်းဆို

Written By လွင့်မောင်မောင် on Wednesday, March 4, 2015 | 11:29 PM



သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသ ကုန်းကြမ်းခရိုင်အတွင်း ဖြစ်ပွါးနေသော MNDAA ကိုးကန့် တပ်ဖွဲ့နှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲနှင့် ပဋိပက္ခတို့ချုပ်ငြိမ်းစေရန် အတွက် မြန်မာနိုင်ငံ အစိုးရအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေးရန်  သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က တိုက်တွန်း တောင်းဆိုလိုက်သည်။



ကိုးကန့်ဒေသအတွင်း ဖြစ်ပွါးနေသော ပဋိပက္ခတွင် မြန်မာအစိုးရ၏ တပ်မတော်သည် ဒေသခံလူထု အား လက်လွတ်စပယ်ပစ်ခတ်ခြင်း၊ ဓါးစာခံအဖြစ်ဖမ်းဆီးရိုက်နှက်ခြင်းတို့အပေါ်  သျှမ်းလူ့အခွင့် အရေးမဏ္ဍိုင် SHRF ကအထူးရှုတ်ချကြောင်းလည်း မတ်ခ်ျလ ၄ ရက်နေ့ရက်စွဲဖြင့် ကြေငြာချက် တစောင်ထုတ်ပြန်ခဲ့ ပါသည်။


“ လူထုကို ပစ်မှတ်ထားတိုက်ခိုက်နေတာတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို မြန်မာအစိုးရ ကနေ အမြန်ဆုံးသွားရောက်စုံစမ်းစစ်ဆေးပေးဖို့နဲ့ ဖြစ်စဉ်အားလုံးအတွက် အရေးယူဆောင်ရွက် ပေးဖို့ ကျနော်တို့ထုတ်ပြန်ကြေငြာချက်ကို အစိုးရဆီကို ပို့ပေးတယ်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေး ကော်မရှင်ကိုလည်းပေးပို့တယ်။ နောက်ပြီးတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စား လှယ် မစ်ယန်ဟီလီး ဆီကိုလည်း ပေးပို့ပါ တယ်” ဟု သျှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်း SHRF မှ ပြောခွင့်ရှိသူ စိုင်းဟော်ရှဲန် ကပြောသည်။


ကိုးကန့်ဒေသအတွင်းတိုက်ပွဲကြောင့် ဒေသခံလူထု ၁၀၀ ထက်မနည်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပြီး ကိုးကန့်တပ်ဖွဲ့အား မျှားခေါ် တိုက်ခိုက်ရန် မြန်မာစစ်တပ်သည် ဒေသတွင်းလူထုအား ဓါးစာခံအဖြစ် ဖမ်းဆီးခဲ့ကြောင်း၊ တရုတ်နယ်စပ်နှင့် လားရှိုးဘက်သို့ သောင်းနှင့်ချီ စစ်ဘေးရှောင်ကြရကြောင်း SHRF ကပြောသည်။


“ နိုင်ငံရေးကိုစစ်ရေးနဲ့ဖြေရှင်းလာတာ နှစ်ပေါင်း ၆၀ ကျော်ရှိပြီဖြစ်ပါတယ်။ နိုင်ငံတော် အေးချမ်းလာ တာမရှိပါဘူး။ စစ်ဒဏ်ကြောင့် လူထုက ဆင်းရဲဒုက္ခရောက်ရတယ်။ ဒါကြောင့် နိုင်ငံရေးကို အေးချမ်း စွာဖြေရှင်းလိုတယ်။ အခုဆိုရင် စစ်ဒဏ်ကြောင့် နေရပ်စွန့်ခွါသွားတဲ့ လူထုဘယ်အဖွဲ့အစည်းဆီကမှ ဘာအကူအညီမှ မရရှိသေးပါဘူး” ဟု လည်း စိုင်းဟော်ရှဲန်က ပြောသည်။


ဖေဖော်ဝါရီလ ၉ ရက်နေ့ကစ၍ ကိုးကန့်ဒေသ ကုန်းကြမ်းခရိုင် လောက်ကိုင်မြို့အတွင်း မြန်မာတိုင်း ရင်းသားများ ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု MNDAA နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ် ပွါးခဲ့ရာ( သူပုန်အဖွဲ့၊ သူပုန်အမာခံ) ဟု ထင်ယောင်ထင်မှား သံသယရှိခံရသော ဒေသခံလူထု ၁၀၀ ကျော် ပစ်သတ်ခံရသည်။ ထို့အပြင် ကိုးကန့်ဒေသခံလူထု ၄ သောင်းထက်မနည်း တရုတ်နယ်စပ် ဒုက္ခသည်စခန်းသို့ တိမ်းရှောင်ကြရပြီး အောက်ပြည်အောက်ရွာမှ ကိုးကန့်ဒေသအတွင်း အလုပ်လာလုပ်ကြသူများ လားရှိုးသို့ ၁ သောင်းကျော် တိမ်းရှောင်ခဲ့ကြပါသည်။
သျှမ်သံတော်ဆင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template