
ဘင်ဂါဇီ မတ် ၃
လစ်ဗျားတပ်ဖွဲ့များသည် မော်ရိုကိုတွင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ မပြုလုပ်မီ စစ်ပွဲအား အရှိန်မြှင့်သည့် အနေ ဖြင့် ဆီသိုလှောင်ထားသော ဆိပ်ကမ်းများနှင့် လေဆိပ်တို့ကို အင်္ဂါနေ့က တိုက်ခိုက်ခဲ့သည်။
လစ်ဗျားခေါင်းဆောင် မွမ်မာကဒါဖီ ပြုတ်ကျသွားပြီး လေးနှစ်အကြာတွင်ဖြစ်ပွားသော စင်ပြိုင်အစိုးရနှစ်ခု၏ တပ်ဖွဲ့များအကြား တိုက်ခိုက်မှုများတွင် ဆီလှောင်ကန်များနှင့် အခြားအရေးကြီးသော အရင်းအမြစ်များမှာ ပစ်မှတ်များဖြစ်လာခဲ့သည်။
ဝန်ကြီးချုပ် အဗ္ဗဒူလာ အယ်လ်သာနီ၏ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရအဖွဲ့နှင့် ရွေးကောက်ခံ ပါလီမန်တို့က နိုင်ငံ၏အရှေ့ပိုင်းကို ထိန်းသိမ်းထားပြီး စင်ပြိုင်လစ်ဗျားတပ်ဖွဲ့က မြို့တော်ထရီပိုလီကို နွေဦးမှစတင်သိမ်းပိုက်ကာ အုပ်ချုပ်နေကြသည်။
ထရီပိုလီ၏ မဟာမိတ်တပ်ဖွဲ့များသည် ရေနံဆိပ်ကမ်းများဖြစ်သော ရတ်လူနတ်နှင့် အစ်ဆီဒရာတို့အား ဗုံးကြဲခဲ့ကြကြောင်း အယ်လ်သာနီ၏အစိုးရအဖွဲ့မှ လုံခြုံရေး တာဝန်ရှိသူက ပြောကြားသည်။
''သူတို့က ရတ်လူနတ်မှာရှိတဲ့ အရပ်ဘက်ဆိုင်ရာ လေဆိပ်နဲ့ အစ်ဆီဒရာမှာရှိတဲ့ ရေနံတွင်းတွေကို တိုက်ခိုက်တာပါ''ဟု လစ်ဗျားရေနံတွင်း အစောင့်တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။
အစ်ဆီဒရာနှင့် လူနတ်တွင်ရှိသော ရေနံတွင်းများသည် လစ်ဗျားရေနံထုတ်လုပ်မှု၏ ထက်ဝက်ခန့်ကို ကိုယ်စားပြုသည်။
ရိုက်တာ။
The Mirror Daily