Headlines News :
Home » » ကျောင်းသားသပိတ် ဖြေရှင်းမှုတွင် နိုင်ငံမနစ်နာဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ကျောင်းသားသပိတ် ဖြေရှင်းမှုတွင် နိုင်ငံမနစ်နာဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Written By လွင့်မောင်မောင် on Friday, March 6, 2015 | 7:51 PM


နေပြည်တော်၊ မတ် ၅

လက်ပံတန်းတွင် ထိပ်တိုက်တွေ့ဆုံနေသော အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး သပိတ်စစ်ကြောင်းနှင့် အစိုးရအဖွဲ့၏ ထိပ်တိုက်တွေ့ဆုံ ဖြေရှင်းမှုတွင် နိုင်ငံမနာရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၅ ရက်နေ့က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်တွင် ပြောကြားသည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးသည် နိုင်ငံအတွက် အရေးကြီးသော ကိစ္စဖြစ်သောကြောင့် ကျောင်းသားသပိတ်နှင့် အစိုးရအဖွဲ့သည် ဥပဒေစိုးမိုးရေးကို တိတိကျကျ လိုက်နာရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြောကြားသည်။
“အဓိကကတော့ နှစ်ဖက်စလုံးရဲ့ လုပ်ဆောင်ချက်တွေဟာ နိုင်ငံမနာဖို့ဘဲ လိုတယ်။ အဲဒါအရေးကြီးတယ်” ဟု ၎င်းကဆိုသည်။

မတ်လ ၃ ရက်နေ့က လက်ပံတန်းမြို့မှ ရန်ကုန်သို့ ဆက်လက်ချီတက်ခဲ့သော ပင်မကျောင်းသားသပိတ်ကို အစိုးရ၏ ညွန်ကြားချက်ဖြင့် ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့တားဆီးခြင်း ဖြစ်ပွားခဲ့မှုအပေါ် ၎င်းက မီဒီယာများကို ပြောဆိုခြင်း ဖြစ်သည်။

လက်ပံတန်းမြို့မှ ရန်ကုန်သို့ ဆက်လက်ချီတက်ရန် ထွက်ခွာခဲ့သော မန္တလေး-ရန်ကုန် ပင်မသပိတ်စစ်ကြောင်းသည် မတ်လ ၃ ရက်နေ့မှစ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပိတ်ဆို့တားဆီးမှုကို ခံခဲ့ရပြီး လေးပွင့်ဆိုင် တွေ့ဆုံရေးမှ သဘောတူထားသည့် အချက်များအပေါ် လိုက်နာမှု မရှိဘဲ ဆန္ဒပြခြင်း၊ တန်းစီလှည့်လည်ခြင်း၊ ဟောပြောစည်းရုံးခြင်းနှင့် ရန်ကုန်သို့ ဆက်လက်ချီတက်ခြင်းများ ပြုလုပ်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း အစိုးရအဖွဲ့မှ သတိပေးချက် ထုတ်ပြန်ခဲ့သည်။
The Voice
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template