Headlines News :
Home » » စစ်ကိုင်းမြို့တွင် လူသတ်ပြီး ကျောက်စိမ်းပစ္စည်းများ ခိုးယူမှုဖြင့် အလိုရှိနေသူ တရုတ်နိုင်ငံသားတစ်ဦးအား တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဖမ်းဆီးရမိ

စစ်ကိုင်းမြို့တွင် လူသတ်ပြီး ကျောက်စိမ်းပစ္စည်းများ ခိုးယူမှုဖြင့် အလိုရှိနေသူ တရုတ်နိုင်ငံသားတစ်ဦးအား တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဖမ်းဆီးရမိ

Written By လွင့်မောင်မောင် on Wednesday, March 4, 2015 | 7:44 AM

စစ်ကိုင်းမြို့တွင် လူသတ်ကာ ကျောက်စိမ်းပစ္စည်းများ ခိုးယူထွက်ပြေးသွားသည့် အမှုဖြင့် အလိုရှိနေသူ တရုတ်နိုင်ငံသားတစ်ဦးကို တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မတ် ၂ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား Mr. Zheng Dehe မှာ တရုတ်နိုင်ငံဘက်သို့ ထွက်သွားခြင်းဖြစ်ကာ မတ် ၂ ရက်တွင် မြန်မာနိုင်ငံသို့ တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ဝင်ရောက်လာစဉ် စစ်ကိုင်းမြို့မရဲစခန်းမှ ပြစ်မှုပုဒ်မ ၃ဝ၂/၃၉၂ အမှုဖြင့် အလိုရှိသူဖြစ်ကြောင်း လေဆိပ်လဝကမှ စစ်ဆေးတွေ့ရှိသဖြင့် ထိုသို့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားအား လေဆိပ်တွင် ခေတ္တထိန်းသိမ်းကာ စစ်ကိုင်းမြို့မရဲစခန်းသို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၅ ရက်က စစ်ကိုင်းမြို့ရှိ နေအိမ်တစ်အိမ်တွင် အိမ်ဖော်ဖြစ်သူ ဒေါ်နှင်းနွယ်အား သတ်ကာ သိမ်းဆည်းထားသော ကျောက်စိမ်းပုတီးများ (ကာလတန်ဖိုး ကျပ် ၃၂၁ သိန်း)ကို ခိုးယူမှု ဖြစ်ပွားခဲ့သည်။

အဆိုပါအမှုနှင့် ပတ်သက်၍ အိမ်ငှားနေထိုင်သူ Mr. Zheng Dehe အပါအဝင် တရုတ်နိုင်ငံသား သုံးဦးမှာ ထွက်ပြေးတိမ်းရှောင်သွားရာ ၎င်းတို့အား စစ်ဆေးနိုင်ရန် စစ်ကိုင်းမြို့မ ရဲစခန်းတွင် (ပ)၁၉/၂ဝ၁၅ ပြစ်မှုပုဒ်မ ၃ဝ၂/ ၃၉၂ ဖြင့် အမှုဖွင့်၍ တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အကြောင်းကြားခဲ့သည်။

အလားတူ မန္တလေးမြို့တွင်လည်း တော်ဝင်နှင်းဆီဆေးရုံတွင် တရုတ်နိုင်ငံသားများ တရားမဝင် ဆေးကုသနေမှုကြောင့် အမှုဖွင့်ဆောင်ရွက်နေစဉ် တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ပြေးသွားသည်။   
Writer:
ငြိမ်းဇော်လင်း Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template