Headlines News :
Home » » တောင်ကုတ်မြို့တွင် တန်ပြန် ဆန္ဒဖော်ထုတ်ပွဲပေါ်ပေါက်

တောင်ကုတ်မြို့တွင် တန်ပြန် ဆန္ဒဖော်ထုတ်ပွဲပေါ်ပေါက်

Written By လွင့်မောင်မောင် on Saturday, March 7, 2015 | 4:27 PM


Taungup--Demonstration-against-judges-and-legal

 မတ်လ ၇ ရက်
ရခိုင်ပြည်နယ်  တောင်ကုတ်မြို့တွင်  ” ဒီမိုကရေစီ အရေခြုံ ၍ ပြည်သူ့ဝန်ထမ်းများအား အနိုင်ကျင့်မှုကို ရှုတ်ချ ဆန္ဒပြပွဲ” ခေါင်းစဉ်ဖြင့် တန်ပြန် ဆန္ဒဖော်ထုတ်ပွဲ တစ်ခု မတ်လ ၅ ရက်နေ့က ပေါ်ပေါက်ခဲ့သည်။
ယင်းတန်ပြန် ဆန္ဒဖော်ထုတ်ပွဲသည် မတ်လ ၃ ရက်နေ့က တောင်ကုတ်မြို့နယ် တရားသူကြီးနှင့် ဥပဒေ ဝန်ထမ်းများအား ကန့်ကွက်သည့် ဆန္ဒပြပွဲ အပြီး တစ်ရက်အကြာတွင် ပေါ်ပေါက်ခဲ့သည်။
တန်ပြန် ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သူ ကိုဘမြင့် (စာရေးဆရာ ပန်းတင် ငမောက်) က  “လွန်ခဲ့တဲ့ ရက်တွေက ဒီကျွန်တော်တို့ တောင်ကုတ်မြို့မှာဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ဆန္ဒပြပွဲ တကယ်တော့ ကျွန်တော်တို့ မြို့ရဲ့ ပြဿ နာ မဟုတ်ပါဘူး။ ပါတီတစ်ခုရဲ့ ခေါင်းဆောင် ပိုင်းက လူပုဂ္ဂိုလ်တစ်ဦးရဲ့ ကိုယ်ရေး ကိုယ်တာ ပြဿ နာတစ်ခုပါ။ သူက အဲဒီပြဿ နာကို မြို့နယ် ပြဿနာ ပုံစံမျိုးနဲ့ လုပ်ပီး ဆန္ဒပြတဲ့ အတွက် ဒါကို ကျေနပ်လို့ ကျွန်တော်တို့က ဆန္ဒ ပြန်ပြရတာပါ ” ဟု ပြောဆိုကြောင်း တောင်ကုတ် ဒေသခံတို့ ပေးပို့သော သတင်းတွင် ဖေါ်ပြသည်။
တန်ပြန်ဆန္ဒပြပွဲတွင် လူပေါင်း ၁၅၀၀ ခန့် ပူးပေါင်းပါဝင်ခဲ့ပြီး ကိုဘမြင့်(စာရေးဆရာ ပန်းတင် ငမောက်) ဦးဆောင်ခဲ့ကြောင်း သိရသည်။
ပါဝင်သူများမှ တောင်ကုတ် မြို့ခံများ အပြင် တန်းလွဲဒေသ၊ ဆားပြင်ဒေသ၊ လားမူးဒေသ၊ ပန်းတင်ဒေသခံများ ဖြစ်ကြသည်ဟု သိရသည်။
“ကျွန်တော်တို့ တိုးတက်ဖွံ့ဖြိုးမှုကို လိုလား ပါတယ်။ ငြိမ်းချမ်းတည်ငြိမ်မှုကို လိုလားပါတယ်။ အခုလို ဆန္ဒ ခဏ ခဏပြပြီး ပြည်သူဝန်ထမ်းတွေကို အနိုင်ကျင့် ခြိမ်းခြောက်တာကို ကျွန်တော်တို့ လက်မခံပါဘူး။ ဒီမိုကရေစီ အခွင့်အရေးကို သုံးစွဲပြီး  ပုဂ္ဂိုလ်ရေး ကိစ္စကို ရှေးတန်းတင်၍ မြို့နယ် ပြဿနာ အဖြစ် ဖန်တီးတာ ပြည်သူ ၀န်ထမ်းတွေကို အနိုင်ကျင့်တာ ကျွန်တော်တို့ လုံးဝ ကန့်ကွက် ရှုတ်ချပါတယ်” ဟု ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သူ ဒုတိယ ခေါင်းဆောင် ကိုသန်းမြင့်( စစ်မှုထမ်းဟောင်း) မှ ပြောသည်။
ဆန္ဒဖော်ထုတ်သူ  ၁၅၀၀ ကျော်ခန့်သည် မတ်လ ၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် တောင်ကုတ်မြို့၊ မြို့နယ် ဆေးရုံရှေ့မှ စတင်ကာ ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ” ပြည်သူကို လိမ်ညာ လှည့်ဖြား စည်ရုံးသူကို အလိုမရှိ” ၊ “ဒီမိုကရေစီ အခွင့်အရေးကို အလွှဲသုံးစားမလုပ်ပါနှင့် ” ၊ “ရိုးသား ကြိုးစားသော နိုင်ငံဝန်ထမ်းများကို ဆန္ဒပြမှုနှင့် အနိုင် မကျင့်ပါနှင့်” ၊ “မိမိကိုယ်ကျိုးအတွက် မြို့နယ် တည်ငြိမ် အေးချမ်းမှုကို မပျက်ပြားစေပါနှင့်” ၊ “ပုဂ္ဂိုလ်ရေး ပြဿ နာကို မြို့ ပြဿ နာမလုပ်ပါနဲ့” စသည့် ကြွေးကြော်သံများ၊ ဗီနိုင်းပိုစတာများ ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
Taungup--Demonstration-against-judges-and-legal-staff
ဆန္ဒဖော်ထုတ်သူများသည် ပန်းတောင်း-တောင်ကုတ်လမ်း၊ ညောင်တန်းလမ်း၊ ဦးဥတ္တမလမ်း အတိုင်း လမ်းလျှောက် ဆန္ဒ ထုတ်ဖော်ခဲ့ပြီး ဖော်တော်ဦး ဘုရားတွင် အဆုံးသတ်ခဲ့သည်။
နိုင်ငံရေး အဖွဲ့အစည်းများ အနေဖြင့်  ၄င်းတို့၏ ကိုယ်ရေးကိုယ်တာ ပြဿ        နာများကို မြို့ပြဿ နာ အဖြစ် လှုံ့ဆော် စည်းရုံး၍ မကြာခဏ ဆန္ဒပြမှုများပြု လုပ်နေကြောင်း၊ ထိုသို့ ပြည်သူ တွေကို လိမ်ညာ စည်းရုံးနေခြင်းများ၊ ဆန္ဒပြခြင်းများ ဆက်လက် ပြုလုပ်နေပါကသူတို့အနေဖြင့်လည်း  ဆက်လက် တန်ပြန် ဆန္ဒပြမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း ဆန္ဒပြပွဲတွင် ပါဝင် သူများက ပြောဆိုဟု သိရသည်။
တောင်ကုတ်မြို့နယ်သည် တည်ငြိမ် အေးချမ်းစွာဖြင့် တိုးတက်ပြောင်းလဲလျက်ရှိနေကြောင်း၊ ထိုသို့ တည်ငြိမ်အေးချမ်း၍ တိုးတက် ပြောင်းလဲနေသည် အပေါ် မြို့သူမြို့သားများက ၀မ်းသာဂုဏ်ယူနေကြသည်ဟု ဆိုသည်။
မတ်လ ၅ ရက်နေ့က လွတ်လပ်အာရှအသံ (RFA) က ဖော်ပြသော သတင်းတွင် ယခု တန်ပြန် ဆန္ဒပြပွဲကို အာဏာပိုင်များနှင့် ဆက်နွယ်ပတ်သက်နေသူများက ကျေးလက်ဒေသက လူများကိုခေါ်ယူပြီး ဆောင်ရွက် စေခဲ့ခြင်း ဖြစ်ကြောင်း တောင်ကုတ်မြို့ခံများက ပြောဆိုသည်ဟု  ဆိုကာ သတင်းတွင် ဖော်ပြထားသည်။
နိရဉ္စရာ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template