Headlines News :
Home » » မလေးရှား ဆီအုန်းကုမ္ပဏီ ဆက်မစိုက်ရန် ကေအင်န်ယူ အမိန့်ထုတ်

မလေးရှား ဆီအုန်းကုမ္ပဏီ ဆက်မစိုက်ရန် ကေအင်န်ယူ အမိန့်ထုတ်

Written By လွင့်မောင်မောင် on Thursday, March 5, 2015 | 7:40 AM


|Dawei Watch| ထားဝယ်၊ မတ် ၂
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် စီမံကိန်းအကောင်အထည်ဖော်နေသည့် မလေးရှား ဆီအုန်းကုမ္ပဏီကို ဆက်မစိုက်ရန် ကေအင်န်ယူက ပြီးခဲ့သည့် ရက်ပိုင်းက အမိန့်ထုတ်ထားကြောင်း တပ်မဟာ(၄) ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ) မှ တွဲဖက်အတွင်းရေးမှူး ဖဒို အဲနာက ပြောကြားသည်။
ဒေသခံများနှင့် ကုမ္ပဏီတို့ နှစ်ကြိမ်ထိပ်တိုက်တွေ့ပြီး ထူးခြားမှုမရှိဖြစ်နေသည့် အခြေအနေတွင် နောက်ထပ် ထိပ်တိုက် တွေ့မှုများ ထပ်မဖြစ်လာစေရန်အတွက် Myanmar Stark Prestige Plantation ကုမ္ပဏီ၏ တောခုတ်ရှင်းလင်းလက်စ ဧရိယာတွင် ဆက်မစိုက်ရန် အမိန့်ထုတ်ခြင်းဖြစ်ကြောင်း သိရသည်။
“မတ်လအတွင်းမှာ ကျေးရွာနယ်နမိတ်ကို တိုင်းတာသွားမယ်” ဖဒိုအဲနာက ဆိုသည်။
နယ်နမိတ် တိုင်းတာပြီးမှ ကုမ္ပဏီနှင့် ထပ်တွေ့မည်ဟု ၎င်းက ပြောသည်။
“ကေအင်န်ယူက တားထားတယ်ဆိုတာ ဟုတ်တယ်။ လောလောဆယ် စီမံကိန်းကို ခဏရပ်ထားတယ်။ မြို့နယ်အုပ်ချုပ်ရေးရဲ့ ဆုံးဖြတ်ချက်ကျလာမှ အဲဒီ ဆုံးဖြတ်ချက်အတိုင်း ဆက်သွားမယ်”ဟု ယင်းကုမ္ပဏီ မန်နေဂျာ ဦးအောင်မင်းသူ ဆိုသည်။
လက်ရှိတွင် ယင်းဆီအုန်းစိုက်ပျိုးရေး စီမံကိန်းကြောင့် ဘော့ဆနွင်းကျေးရွာမှ ဥယျာဉ်ခြံရှင် ၃၆ဦးနှင့် သိမ်ပြင်ကျေးရွာမှ ၁ ဦးတို့၏ ဥယျာဉ်ခြံမြေ ဧက ၁၂၀၀ ကျော် ပျက်စီးခဲ့သည်ဟု ဒေသခံများ ပြုစုထားသော စာရင်းအရ သိရသည်။
အခြားကျေးရွာတွင် နယ်နမိတ် တိကျစွာ မသတ်မှတ် ရသေးသည့်အတွက် စီမံကိန်းဧရိယာအတွင်း မည့်သည့်ကျေးရွာများ ကျရောက်နေသည်ကို တိတိကျကျမသိရသေးဟု ဖဒိုအဲနာက ရှင်းပြသည်။
အဆိုပါကျေးရွာများမှ စစ်ဘေး ရှောင်သူများ ပြန်လည် မရောက်ရှိလာခြင်းမရှိသေး ဒေသခံများပြုစုထားသည့် စာရင်းထက် ဥယျာဉ်ခြံပျက်စီးမှု ပိုများနိုင်သည်ဟု ကေအင်န်ယူက ခန့်မှန်းသည်။
ယင်းကျေးရွာများသည် ပြည်ထဲရေးဝန်ကြီးဌာန ကျေးရွာအမည် စာရင်းမပေါက်သေးသော ကျေးရွာများဖြစ်ပြီး အပစ်အခတ် ရပ်စဲရေး မလုပ်မီ ကုမ္ပဏီမှ ဧက ၂၀၀၀ကို တောခုတ်ရှင်းလင်းထားပြီးဖြစ် ယင်းဧရိယာတွင် ဆီအုန်းစိုက်ပျိုး လုပ်ကိုင်ခွင့်ကို နှုတ်ဖြင့် သဘောတူထားခဲ့ဖူးသည်ဟု ဖဒိုအဲနာက ပြောသည်။
အခြားတဖက်တွင် မြန်မာ့ရင်းနှီးမြှပ်နှံမှုကော်မရှင်မှ ၄၂၂၀၀ ဧကကို ခွင့်ပြုထားပြီး စီမံကိန်းကာလ နှစ် ၃၀ ဖြစ်ကြောင်း သိရသည်။
၂၁၇၄ ဧကတွင် ဆီအုန်းပင်စိုက်ပျိုးထားကာ တောခုတ်ပြီး ဧရိယာ ၅၅၀ဧက၊  တောခုတ်ရန်လျာထား ဧရိယာ ၃၀၀၀ ဧက၊ ပျိုးခင်းဧရိယာ  ဧက ၅၀ ရှိကြောင်း ယင်းကုမ္ပဏီ၏ ဆီအုန်းစိုက်ပျိုးသည့် စီမံကိန်း အချက်အလက်အရ သိရသည်။
“မြေတွေကို ပြန်ပေးစေချင်တယ်။ ပြန်မပေးရင်တောင်မှ စီမံကိန်း ဧရိယာကို ထပ်ချဲ့ပြီး မလုပ်စေချင်ဘူး” ဟု ဘော့စနွင်းရွာမှ ဥယျာဉ်ခြံမြေ ဧက ၁၅၀ ခန့် ကျူးကျော်ခံထားသည်ဟုဆိုသူ ဦးပြည်အေးက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်မှ စပြီး ဆီအုန်းစိုက်ပျိုးရန် တောခုတ်ရှင်းလင်းခြင်းကြောင့် ဒေသခံများ၏ လယ်ယာ ဥယျာဉ်ခြံများ ထိခိုက်ခြင်း၊ သစ်တောများ ဆုံးရှုံးခြင်းနှင့် သစ်တောကို မှီခိုနေသည့် ဒေသခံများ စားဝတ်နေရေး အခက်တွေ့လာသည်ဟု ထိခိုက်သည့် ခြံရှင်များက ပြောသည်။
ယင်းကိစ္စ သက်ဆိုင်ရာသို့ အကြိမ်ကြိမ်တင်ပြသော်လည်း တစ်စုံတစ်ရာ ထူးခြားမှု မရှိခဲ့ပေ။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template