Headlines News :
Home » » အကြမ်းဖက်မှု၏ အဓိက ဇာစ်မြစ်ကို မီဒီယာက ဖော်ထုတ်ရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အကြမ်းဖက်မှု၏ အဓိက ဇာစ်မြစ်ကို မီဒီယာက ဖော်ထုတ်ရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Written By လွင့်မောင်မောင် on Saturday, March 7, 2015 | 4:05 PM


  နေပြည်တော်၊ မတ် ၆

ရန်ကုန်မြို့တော်တွင် မတ်လ ၅ ရက်နေ့က ကျောင်းသားသပိတ် ထောက်ခံသည့် ဆန္ဒထုတ်ဖော်သူများကို ဖြိုခွင်းရာတွင် ပါဝင်သည့် လက်ပတ်နီ ဝတ်ဆင်ထားသော အရပ်သားအဖွဲ့များ ကိစ္စကို ဖော်ထုတ်ရန် မီဒီယာများတွင် တာဝန်ရှိကြောင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“တကယ်တော့ မီဒီယာတွေရဲ့ တာဝန်ဆိုတာ ဒီလိုဟာတွေကို ဇာစ်မြစ်က ဘာလဲဆိုတာ ရှာဖွေဖော်ထုတ်ဖို့ပဲ။ ကျွန်မတို့ သိတာမဟုတ်ဘူး။ မသိတဲ့သူကို မမေးဘဲနဲ့ အဲ့ဒီဟာကို လိုက်ရမယ်။ ဒါမီဒီယာတွေရဲ့ တာဝန်ပဲ။ အဲ့ဒီတော့ သက်ဆိုင်တဲ့သူတွေ လိုက်မေး၊ ဒီလူတွေက ဘယ်ကလဲ၊ ဘယ်သူကခိုင်းလို့ လုပ်နေတာလဲ ဒါက မီဒီယာတွေ တာဝန်” ဟု ၎င်းကဆိုသည်။

ယနေ့ (မတ်လ ၆ ရက်နေ့) ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်တွင် မီဒီယာများ၏ မေးမြန်းမှုကို ၎င်းက ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုကမူ “လက်ပတ်တွေ ပတ်ပြီး၊ ဘောင်းဘီတို ဝတ်တဲ့သူ၊ ပုဆိုးဝတ်တဲ့သူ၊ ပုံစံအမျိုးမျိုးနဲ့ လုပ်တာကတော့ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူလူထုကနေ ဝိုင်းဝန်းကူညီဆောင်ရွက်တဲ့ ပုံစံမျိုး မရောက်ဘူးလို့ မြင်ပါတယ်” ဟု ပြောသည်။

လက်ရှိ တည်ဆဲဥပဒေအရ ရပ်ရွာအေးချမ်းသာယာရေးအတွက် ရပ်မိရပ်ဖ သို့မဟုတ် ပြည်သူ့ကိုယ်စား တာဝန်ပေးအပ်နိုင်ခြင်း ရှိသော်လည်း အစိုးရအနေနှင့် အကြမ်းဖက်နှိမ်နင်းမှုအစား ဖြစ်ပေါ်လာသည့် ပြဿနာများကို ညှိနှိုင်းဖြေရှင်းသည့် ဒီမိုကရေစီ ယဉ်ကျေးမှုဖြင့် လုပ်ဆောင်သင့်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကမူ အကြမ်းဖက် နှိမ်နင်းခဲ့သော ဖြစ်စဉ်တွင် ကိုလိုနီခေတ်အတွင်း ပြဋ္ဌာန်းခဲ့သော ပြစ်မှုဆိုင်ရာ ကျင့်ထုံးအက်ဥပဒေ၏ ပုဒ်မ (၁၂၇) (၁၂၈) ပါ အခန်း (၉) ပြဋ္ဌာန်းချက်အရ ငါးဦးထက်ပိုသော လူစုလူဝေးတွင် ယင်းကဲ့သို့ အာဏာပိုင်ကိုယ်စား လူစုတစ်ရပ်ဖြင့် ဖြေရှင်းနိုင်သောကြောင့် ယင်းဥပဒေကို လွှတ်တော်လမ်းကြောင်းမှ တစ်ဆင့် အမြန်ဆုံးပြင်ဆင်ရန် လိုအပ်ကြောင်း ပြောဆိုသည်။
The Voice
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template