ညနေ ၅ နာရီကျော်လောက်မှာ အဲဒီအလုပ်သမားတစ်ရာကျော်ကို ရဲတပ်ဖွဲ့ဝင်နဲ့ ရပ်ကွက်အတွင်းက လူတချို့ပူးပေါင်းပြီး ရိုက်နှက်ဖမ်းဆီးပြီး ထရပ်ကားတွေနဲ့ ခေါ်ဆောင်သွားခဲ့တယ်လို့ ထွက်ပြေးလွတ်မြောက်သူ အလုပ်သမားတွေက ပြောပါတယ်။
RFA သတင်းထောက် မဇာဏီထွဏ်းက တင်ပြထားပါတယ်။
ညနေ ၅နာရီကျော်လောက်မှာ အဲဒီအလုပ်သမတွေကို ရဲတပ်ဖွဲ့နဲ့လူတစ်ချို့က ရိုက်နှက်ဖမ်းဆီးပြီး ကားတွေနဲ့ခေါ်ဆောင်သွားတယ်လို့ ထွက်ပြေးလွတ်မြောက်လာသူ အလုပ်သမတွေက ပြောပါတယ်။
ရွှေပြည်သာ ဆန္ဒပြအလုပ်သမားတွေ တားဆီးခံရ
ရွှေပြည်သာစက်မှုဇုန်ရှိ Costec နဲ့ Ford Glory စက်ရုံနှစ်ရုံက
အလုပ်သမားတွေဟာ လုပ်ခလစာညှိနှိုင်းမှု မပြေလည်တာကြောင့် ဒီနေ့ ရွှေပြည်သာကနေ
မြို့တော်ခန်းမကို လမ်းလျှောက်ချီတက်လာခဲ့ပါတယ်။
ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို ရွှေပြည်သာမြို့နယ် ဒညင်းကုန်းလမ်းဆုံမှာ တားဆီးပိတ်ဆို့ထားလိုက်ပါတယ်။ Photo: Aung Ko Ko/ RFA
RFA Burmese
RFA Burmese