Headlines News :
Home » » တိမ်မြုပ်လု ဟွာလ်ငိုချင်းမျိုးနွယ်“KUTPUI” ပွဲတော် ကလေးမြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပ

တိမ်မြုပ်လု ဟွာလ်ငိုချင်းမျိုးနွယ်“KUTPUI” ပွဲတော် ကလေးမြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပ

Written By လွင့်မောင်မောင် on Friday, March 6, 2015 | 8:04 PM




(ဟွာလ်ငိုသား)။   ။ ချင်းမျိုးနွယ်စုတစ်ခုဖြစ်သော ဟွာလ်ငို မျိုးနွယ်၏ သမိုင်းအမွေအနှစ် “KUTPUI” ပွဲတော်ကို မတ်လ ၄ ရက်နေ့က စတင်ပြီး ကလေးမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ၊ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိ စတောမ် အားကစားကွင်းတွင် မတ်လ ၄ ရက်မှ ၅ ရက်နေ့အထိ ၂ ရက်တာ ကျင်းပပြုလုပ်လျက်ရှိသော အဆိုပါပွဲတော်ကို ဗဟိုဟွာလ်ငိုစာပေနှင့် ယဉ်ကျေးမှုအသင်း (Hualngo Literature and Cultural Association) မှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။

ဟွာလ်ငို ချင်းမျိုးနွယ်၏ သမိုင်းဆိုင်ရာ ယဉ်ကျေးမှု ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများ တိမ်ကောပပျောက်မှုမရှိစေရေး နှင့် ထိန်းသိမ်း ကာကွယ်မြှင့်တင်သည့် အနေဖြင့် နှစ်ရှည်လများ ကျင်းပနိုင်ခြင်းမရှိခဲ့သော ဟွာလ်ငို မျိုးနွယ်စု ရိုးရာယဉ်ကျေးမှု ’’KUTPUI’’ ပွဲတော်ကို ပြန်လည်ကျင်းပခဲ့ကြခြင်းဖြစ်သည်ဟု ပွဲတော်ဖြစ်မြောက်ရေးကော်မတီ ဒု-ဥက္ကဋ္ဌ ဦးဟွာလ်ဟိုထန်းငါကပြောသည်။

“ ယခု ဟွာလ်ငိုပွဲတော်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းပင် ချင်းပြည်နယ် Seipui နဲ့ အနီးတစ်ဝိုက်ဒေသမှာ ပြုလုပ်ခဲ့ဖူးတဲ့ သမိုင်း ၀င်ပွဲတော်တစ်ခုဖြစ်ပါ တယ်၊နှစ်ပေါင်းများစွာ ကျင်းပနိုင်ခြင်းမရှိခဲ့ကြဘူး၊ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ ပထမဆုံးအကြိမ် KUTPUI ပွဲတော်ကို စတော့မ်အားကစားကွင်း မှာ ပြန်လည်စတင် ကျင်းပနိုင်ခဲ့တယ်၊ ခုဒီနှစ်နဲ့ဆိုရင် ဒုတိယအကြိမ်မြောက် ပြန်လည်ကျင်းပခြင်းပဲဖြစ်ပါတယ်”ဟု သူကပြောသည်။

ချင်းတိုင်းရင်းသားမျိုးနွယ်စု သမိုင်းဖြစ်စဉ်လေ့လာသူများ၏ လေ့လာသုံးသပ်ချက်များအရ ဟွာလ်ငိုယဉ်ကျေးမှု ပွဲတော်သည် ခရစ်သက္ကရာဇ် ၁၃၅၀ ခုနှစ် ၀န်းကျင် ကတည်းက စတင်ကာ ၁၉၈၂ ခုနှစ်အထိ ချင်းတောင်ဒေသများတွင် အကြိမ်ပေါင်းများစွာ ကျင်းပခဲ့ကြကြောင်း သိရသည်။

၁၃၅၀ ခုနှစ်မှ အစပြု၍ စတင်ကျင်းပလာခဲ့သော အဆိုပါပွဲတော်သည် ယခုနှစ်ဆိုလျှင် (၆၆၅) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သော်လည်း နှစ်ပေါင်း (၃၀)အတွင်း ကျင်းပနိုင်ခြင်း မရှိခဲ့ရာမှ ယနေ့အသစ်တဖန်ပြန်လည်ကျင်းပလာကြခြင်းလည်းဖြစ်သည်။

ဟွာလ်ငိုမျိုးနွယ်စု၏ သမိုင်းအမွအနှစ် တိမ်မြုပ်ပျောက်ကွယ်မှုမရှိစေရေးအတွက် ၄င်းတို့၏ ဘာသာစကား၊ စာပေ၊ အနုပညာစသည့် ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာများ ပြန်လည်ဖော်ထုတ်ကာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရန်အတွက် အဓိကရည်ရွယ် ကျင်းပရခြင်းဖြစ်သည်ဟု ဟွာလ်ငိုစာပေနှင့် ယဉ်ကျေးမှု အသင်းမှ ကော်မတီဝင်တစ်ဦးကပြောသည်။

ထို့အပြင် အခြားလူမျိုးနွယ်စုအပါအ၀င် ဟွာလ်ငိုလူမျိုး တစ်မျိုးနှင့်တစ်မျိုးအကြား စိတ်ကွဲခြင်းမှုမရှိစေဘဲ နိုင်ငံတော်ဒီမိုကရေစီခေတ်ဦးနှင့် အတူ ပြန်လည် ပေါင်းစည်း ချစ်ကြည်ရင်းနှီးမှုများဖြင့် မကြာသေးမီက အတည်ပြုပြဋ္ဌန်းလိုက်သည့် ဥပဒေပါ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ လက်တွဲညီညီ ရရှိခံစားနိုင်ရေးကိုလည်း ဦးတည်ထားသည်ဟု သိရသည်။

ယခု ၂၀၁၅ ခုနှစ် ဟွာလ်ငိုပွဲတော်(KUTPUI)တွင် အခြားချင်းမျိုးနွယ်စုများအပါအ၀င် လူမျိုးအချင်းချင်း ရိုးရာ အဆို၊အက နှင့် ယဉ်ကျေးမှုများ အပြန်အလှန်ပြသ ဖလှယ်သည့်အစီအစဉ်များအပြင် အားကစားပြိုင်ပွဲနှင့် အနုပညာရှင်များမှ ဖျော်ဖြေရေးအစီအစဉ်များကိုလည်း ပါဝင်မည် ဖြစ်သည်။

ပွဲတော်အခမ်းအနားတွင် ကလေးမြို့နယ် ဒုရဲအုပ်၊ ကလေးဒေသမှ ခရိုင်/မြို့နယ်အဆင့် အစိုးရဌာနဆိုင်ရာများ၊ ချင်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီ စသည့် ချင်းပြည်နယ်နှင့် ဒေသအသီးသီးရှိ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်းများလည်း တက်ရောက်ကြသည်ဟု သိရသည်။

Khonumthung News Group.
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template