Headlines News :
Home » » ကျောင်းသားတွေတောင်းဆိုချက် လက်ပံတန်းမြို့ခံတွေ ထောက်ခံ ဆန္ဒပြ

ကျောင်းသားတွေတောင်းဆိုချက် လက်ပံတန်းမြို့ခံတွေ ထောက်ခံ ဆန္ဒပြ

Written By လွင့်မောင်မောင် on Wednesday, March 4, 2015 | 11:47 PM

lapadan-residents-protest-305.jpg
ကျောင်းသား၊ ကျောင်းသူတွေတောင်းဆိုထားတဲ့အချက် ၈ ချက်ကို ထောက်ခံကြောင်း မတ်လ ၄ ရက်နေ့က လက်ပံ တန်းမြို့ခံတွေ ထောက်ခံဆန္ဒပြနေစဉ်။
Photo: Kyaw Zaw Win,Myo Thant Khaing/ RFA

ပဲခူးတိုင်း လက်ပံတန်းမြို့မှာ အစာငတ်ခံဆန္ဒပြနေကြတဲ့ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းက ကျောင်းသူ၊ ကျောင်းသားတွေတောင်းဆိုထားတဲ့ အချက် ၈ ချက်ကို ထောက်ခံကြောင်း လက်ပံတန်းမြို့ခံ နှစ်ရာနီးပါးလောက်က ကျောင်းသား စစ်ကြောင်းကို ပိတ်ဆို့ထားတဲ့ လုံခြုံရေးတပ်ဖွဲ့တွေအနီးမှာ ဆန္ဒပြတောင်းဆို လိုက်ပါတယ်။
သပိတ်စစ်ကြောင်းက ပဲခူးတိုင်းလုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးထံ တောင်းဆိုထားတဲ့ အချက် ၈ ချက်ကို ထောက်ခံတာဖြစ်ကြောင်းနဲ့ ကျောင်းသားတွေ နဲ့ တွေ့ဆုံခွင့် တောင်းဆိုတာဖြစ်ကြောင်း လက်ပံတန်းမြို့ခံ မကြည်ကြည်က ပြောပါတယ်။
"ကျမတို့တွေက ဒီ ၈ ချက်ကိုထောက်ခံတယ်၊ ထောက်ခံတဲ့သူတွေက ကျောင်းသား၊ ကျောင်းသူတွေတွေ့ချင်တာ လုံးဝတွေ့လို့မရတော့ဘူး၊ ပိတ်လိုက် တဲ့ အတွက်ကြောင့် မို့လို့၊ အဲ့တော့ကျောင်းသူ၊ ကျောင်းသားတွေကိုပါထပ်တွေ့ချင်တယ်ဆိုတဲ့ တောင်းဆိုချက်ထပ်တောင်းပြီးတော့ အခုကျမ တို့ပြည်သူတွေက အပြင်ဖက်မှာ ကျမတို့အများကြီးဖြစ်နေပါတယ် "
သပိတ်မှောက်ကျောင်းသားတွေက လက်ပံတန်းမြို့ကနေ သာယာဝတီမြို့အထိ လမ်းလျှောက်ချီတက်ပြီး ရန်ကုန်အထိကားနဲ့ သွားခွင့်ပြုဖို့၊ ရန်ကုန်မြို့ရောက် တဲ့အခါ ရွှေတိဂုံဘုရား သို့မဟုတ် ရန်ကုန်တက္ကသိုလ်ဝင်းထဲက ကျောင်းသားသမဂ္ဂ အဆောက်အဦးကို သွားရောက်ခွင့်ပြုဖို့ စတဲ့ အချက် ၈ ချက်ကို တောင်းဆို ထားတာ ဖြစ်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေက သပိတ်စစ်ကြောင်းကို ပိတ်ဆို့ထားတာဖြစ်တဲ့အတွက် မြို့ခံတွေဟာ ကျောင်းသူ ကျောင်းသားတွေနဲ့လည်း တွေ့ခွင့်မရဘဲ အဲ့ဒီနေရာမှာ စစ်ကားတွေ၊ သံဆူးကြိုးတွေ ထပ်မံချထားလိုက်ပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်တဲ့ လက်ပံတန်းမြို့ခံ မကြည်ကြည်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဒီအတောအတွင်း ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့ အောင်မြေဗိမာန်ကျောင်းဝန်း အနီးမှာ အစာငတ်ခံထိုင်သပိတ် ဆန္ဒပြနေတဲ့ ကျောင်းသားတွေက သူတို့တောင်းဆိုချက်တွေကို လိုက်လျောတဲ့အထိ ဆက်လက် အစာငတ်ခံဆန္ဒပြသွားမယ်လို့ ပြောပါတယ်။ ဒီအကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့် စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template