လက်ပံတန်းမြို့ခံတွေ ဆန္ဒပြနေ
ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို ထောက်ခံကြောင်းနဲ့ ကျောင်းသား သပိတ်ကို ဆက်လက်ချီတက်ခွင့်ပြုဖို့ လက်ပံတန်းပြည်သူတွေက ရဲလုံခြုံရေးယူထားတဲ့နေရာကို လာရောက် တောင်းဆို ဆန္ဒပြနေကြပါတယ်။ ဒါ့အပြင် ဆန္ဒပြသူတွေက ကျောင်းသားတွေနဲ့ တွေ့ခွင့်ပြုဖို့ တောင်းဆိုကြပါတယ်။ ကျောင်းသားတွေနဲ့ ဆန္ဒပြသူတွေကြားမှာ ရဲတပ်ဖွဲ့က စည်း ၃ စည်းခြားပြီး ပိတ်ဆို့လိုက်ပါတယ်။ ဓါတ်ပုံ - ကျော်ဇောဝင်း၊ မျိုးသန့်ခိုင်/RFA
ရဲတပ်ဖွဲ့ကို ပြည်သူများ တောင်းပန်
လက်ပံတန်းမြို့ ဒီမိုကရေစီပညာရေး ကျောင်းသားသပိတ်မှာ လိုက်ပါလာတဲ့ ပြည်သူတချို့က ကျောင်းသားတွေကို ဆက်လက်သွားခွင့်ပေးဖို့အတွက် လမ်းဖွင့်ပေးရန် ရဲတပ်ဖွဲ့များကို ရှိခိုးတောင်းပန်ခဲ့ပါတယ်။ ဓါတ်ပုံ - ကျော်ဇောဝင်း၊ မျိုးသန့်ခိုင်/RFA
မြို့ခံတွေက ကျောင်းသားတွေကို ရေတိုက်
ဆန္ဒပြကျောင်းသားတွေကို ဒေသခံပြည်သူတွေက ရေချမ်းလာရောက်တိုက်ကြပါတယ်။
ကျောင်းသားတွေက ရဲတွေကို ရေတိုက်ပေမဲ့ မသောက်ကြတာကို တွေ့ရပါတယ်။ ဓါတ်ပုံ -
ကျော်ဇောဝင်း၊ မျိုးသန့်ခိုင်/RFA
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့မှာ အစာငတ်ခံဆန္ဒပြနေကြတဲ့
ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း၊ အားပေးထောက်ခံသူတွေရဲ့ အခြေအနေနဲ့
လုံခြုံရေးအခြေအနေကို RFA သတင်းထောက် မပြုံးမို့မို့ဇင် က
စုစည်းတင်ပြထားပါတယ်။
Post by RFA Burmese.
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့ အောင်မြေဗိမာန်ကျောင်းဝင်းအနီးမှာ အစာငတ်ခံ ထိုင်သပိတ်ဆန္ဒပြနေတဲ့ ကျောင်းသားတွေက သူတို့တောင်းဆိုချက်တွေကို လိုက်လျောတဲ့အထိ ဆက်လက် အစာငတ်ခံဆန္ဒပြသွားမယ်လို့ ပြောပါတယ်။
RFA သတင်းထောက် မဝေယံမိုးမြင့် က စုစည်းတင်ပြထားပါတယ်။
Post by RFA Burmese.