Headlines News :
Home » » မြန်မာယူ ၂၀ ယှဉ်ပြိုင်မည့် ကမ္ဘာ့ဖလား လူငယ်ဘောလုံးပွဲ ကြည့်ရှုရန် အနိမ့်ဆုံး ကျပ်သိန်း ၅၀ ကျော် ကုန်မည်

မြန်မာယူ ၂၀ ယှဉ်ပြိုင်မည့် ကမ္ဘာ့ဖလား လူငယ်ဘောလုံးပွဲ ကြည့်ရှုရန် အနိမ့်ဆုံး ကျပ်သိန်း ၅၀ ကျော် ကုန်မည်

Written By လွင့်မောင်မောင် on Friday, March 6, 2015 | 7:54 PM


ရန်ကုန်၊ မတ် ၎

မြန်မာဘောလုံး သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား လူငယ်ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိထားသည့် မြန်မာယူ ၂၀ အသင်း၏ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ကြည့်ရှုလိုသူများ အနေနှင့် အနိမ့်ဆုံး ကျပ်သိန်း ၅၀ ကျော် (အမေရိကန်ဒေါ်လာ ၅၀၀၀ ကျော်) မှ အမြင့်ဆုံး ကျပ်သိန်း ၆၀ ကျော် (အမေရိကန်ဒေါ်လာ ၆၀၀၀ ကျော်) ကုန်ကျမည် ဖြစ်ကြောင်း ယင်းခရီးစဉ်အတွက် ဝန်ဆောင်မှုပေးမည့် နယူးဇီလန်အခြေစိုက် ပညာရေး ဝန်ဆောင်မှု ကုမ္ပဏီဖြစ်သည့် NZ Pure ကုမ္ပဏီထံမှ သိရသည်။

အဆိုပါ ခရီးစဉ်များကို လေးမျိုး ခွဲခြားထားကြောင်း၊ ခရီးစဉ် အမျိုးအစားအလိုက် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၇၅၀ မှ အမေရိကန်ဒေါ်လာ ၃၀၂၀ ကုန်ကျမည် ဖြစ်ကြောင်း၊ ယင်းကုန်ကျစရိတ်များတွင် လေယာဉ်လက်မှတ်ခ (အသွားအပြန်) အတွက် မပါကြောင်း၊ လေယာဉ်လက်မှတ်ခမှာ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၃၀၀ ကုန်ကျမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ ပညာရေးအတိုင်ပင်ခံ ဦးစည်သူဝင်းက ပြောကြားသည်။
“ဒီကုန်ကျစရိတ်က အုပ်စုတွင်း ပွဲစဉ်တွေ အတွက်ပဲ ရှိပါသေးတယ်။ ခရီးသွားအာမခံအတွက် ဒေါ်လာ ၁၀၀ မပါသေးဘူး။ အုပ်စုတက်လို့ ထပ်နေမယ် ဆိုရင်တော့ ပိုကုန်မယ်။ ဝန်ဆောင်ခအတွက် ကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၁၀၀၀ ပေးသွင်းရပါမယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ခရီးစဉ်အတွင်း မြို့နှစ်ခုသို့ လည်ပတ်နိုင်မည် ဖြစ်ပြီး ကြယ်သုံးပွင့်အဆင့်ရှိ ဟိုတယ်တွင် တည်းခိုနေထိုင်ရမည် ဖြစ်ကြောင်း၊ ပြည်ဝင်ခွင့်ဗီဇာအတွက် အနည်းဆုံး အချိန်တစ်လကျော် ကြာမြင့်မည် ဖြစ်ကြောင်း၊ ပြိုင်ပွဲနီးကပ်လာပါက ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာ့ဘောလုံးသမိုင်းတွင် အောင်မြင်မှုအရှိဆုံး အချိန်ဖြစ်ပြီး နိုင်ငံတကာ ဘောလုံး အသိုင်းအဝိုင်းကလည်း မြန်မာ့ဘောလုံး အဆင့်အတန်းကို စိတ်ဝင်စားလျက်ရှိကြောင်း၊ နယူးဇီလန်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး ဌာနသည် လုံခြုံရေး တင်းကျပ်သောကြောင့် သွားရောက်ကြည့်ရှုလိုသူများ အနေနှင့် မှတ်ပုံတင်မူရင်း၊ သန်းခေါင်စာရင်းမူရင်း ကိုယ်ရေးအချက်အလက်များအတွက် နိုတြီ (အင်္ဂလိပ်-မြန်မာ) တင်ပြရန် လိုကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ပြောရေးဆိုခွင့်ရှိသူ ဦးစိုးမိုးကျော်က ပြောကြားသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကလည်း နယူးဇီလန်နိုင်ငံသို့ လိုက်ပါကြည့်ရှုမည့် ပရိသတ်များအတွက် ဗီဇာရရှိရေးနှင့် လက်မှတ်ရရှိရေးအတွက် ကူညီပေးမည်ဟု ၎င်းကဆိုသည်။

အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလား လူငယ်ဘောလုံးပြိုင်ပွဲကို မေလ ၂၀ ရက်နေ့မှ ဧပြီလ ၂၀ ရက်နေ့အထိ နယူးဇီလန်နိုင်ငံရှိ မြို့ကြီးခုနစ်ခုတွင် ကျင်းပမည်ဖြစ်ရာ မြန်မာအသင်းသည် အုပ်စု (က) တွင် ပါဝင်ပြီး အိမ်ရှင် နယူးဇီလန်၊ အမေရိကန်၊ ယူကရိန်းအသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
The Voice
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template