Headlines News :
Home » » အသတ်ခံရတဲ့ ရုရှား အတိုက်အခံ ခေါင်းဆောင်ရဲ့ ဈာပန

အသတ်ခံရတဲ့ ရုရှား အတိုက်အခံ ခေါင်းဆောင်ရဲ့ ဈာပန

Written By လွင့်မောင်မောင် on Tuesday, March 3, 2015 | 11:25 PM



ပြီးခဲ့တဲ့ သောကြာနေ့ ညက ကရင်မလင် နန်းတော်အနီး တံတား တစ်ခုပေါ်မှာ သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ အတိုက်အခံ ခေါင်းဆောင် ဘိုးရစ် နမ်ဆော့ဗ် Boris Nemtsov အတွက် ဝမ်းနည်းခြင်းနဲ့ ဆုတောင်းပွဲ အခမ်းအနားကို သူ့ကို ထောက်ခံသူတွေက မော်စကိုမြို့မှာ ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။

ဆာ့ခ်ရော့ဗ် စင်တာမှာ ဈာပန အခမ်းအနား ပြုလုပ်ပြီးနောက် မော်စကိုမြို့ အနောက်တောင် ဘက်က သုသာန်မှာ သူ့ကို သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

ဥရောပ နိုင်ငံရေးသမား တချို့ကိုတော့ ရုရှားက ဈာပန အခမ်းအနား တက်ရောက်ခွင့် မပေးခဲ့ဘူးလို့ ပြောကြပါတယ်။

သမ္မတရဲ့ လွှတ်တော် ကိုယ်စားလှယ်က အခမ်းအနားကို ကရင်မလင် နန်းတော်ရဲ့ ကိုယ်စား တက်ရောက်ခဲ့ပါတယ်။

မစ္စတာ နမ်ဆော့ဗ် သေနတ်နဲ့ ပစ်ခတ်ခြင်း ခံရစဉ်က သူနဲ့အတူ ရှိနေခဲ့တဲ့ သူ့ရည်းစား အန်နာ ဒူရီစကာ Anna Durytska ကိုတော့ ရုရှားနိုင်ငံက ထွက်ခွာပြီး သူ့မိသားစုရှိရာ ယူကရိန်းကို သွားရောက်ခွင့် ပေးခဲ့ပါတယ်။

ဒီ သတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ နောက်ကွယ်က အကြောင်းရင်းကို မသိရ သေးသလို ဘယ်သူ့ကိုမှလည်း ဖမ်းဆီးခြင်း မရှိသေးပါဘူး။

BBC Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template