Headlines News :
Home » » နမ့်ခမ်းမြို့၌ သတ္တုကျောက်တင်ကားတစ်စီး ဗုံးခွဲဖျက်ဆီးခံရ

နမ့်ခမ်းမြို့၌ သတ္တုကျောက်တင်ကားတစ်စီး ဗုံးခွဲဖျက်ဆီးခံရ

Written By လွင့်မောင်မောင် on Thursday, March 12, 2015 | 1:02 PM

ဓါတ်ပုံ - ဖေဖော်ဝါရီ ၂၆ ရက်က လူထုက တားဆီးပိတ်ပင်လိုက်သော သတ္တုကျောက်တင်ကားများ
မတ်ခ်ျလ ၁၁ ရက် ၂၀၁၅

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက်အတွင်း သတ္တုကျောက်တင်ကားတစ်စီး ဗုံးခွဲဖျက်ဆီးခံရကြောင်းသတင်းရရှိသည်။

မတ်ခ်ျလ ၁၀ ရက် ၁၉း၂၀ နာရီက ဗုံးခွဲခံရသောကားမှာ ဆီလီကွန် သတ္တုကျောက်တင်ဆောင်ထားသော ငွေကမ္ဘာကျော် သတ္တုတူးဖော်ရေး ကုမ္ပဏီ၏ တရုတ်လုပ် ၆ ဘီးကား ဖြစ် ကြောင်း နမ့်ခမ်းမြို့ဒေသခံ စိုင်းယီ ကဆိုသည်။

“ကား ရဲ့ စက်ခေါင်းအောက်ပိုင်းမှာ ဗုံးခွဲခံရပြီး ကားအင်ဂျင်ပိုင်း တစ်ချို့ပျက်စီးတယ်၊ လူထိခိုက်သေဆုံးမှုတော့ မရှိပါဘူး၊ ကားပိုင်ရှင်က အောင်မေတ္တာရပ်ကွက်က စိုင်းပီးပါ။ သူ့အိမ်ရှေ့မှာဘဲ သူ့ကား ဗုံးခွဲခံရတာ။ ဗုံးက ပြင်းတယ်တဲ့။ မြေကြီးတောင် တုန်သွားတယ်ပြောတယ်၊ ဗုံးပေါက်ကွဲပြီးတော့ မြို့ထဲမှာချက်ချင်း တိတ်ဆိတ်သွား ပါတယ်။ လူသွား လူလာမရှိသလောက်ပဲ ” ဟု ၄င်းကပြောသည်။

ဖေဖော်ဝါရီ ၂၆ ရက်က ဒေသခံပြည်သူလူထု စုပေါင်းပြီး သတ္တုကျောက်တင်ကားများကိုတားဆီးခဲ့ကြောင်း၊ တားဆီးခံရသောကားများတွင် ယခုဗုံးခွဲခံရသောကားလဲပါဝင်ကြောင်း၊ မည်သည့် အဖွဲ့ ကလာရောက်ပြီး ဗုံးခွဲသည်ကိုမသိရသေးကြောင်း အမည်မဖော်လိုသည့် ရဲတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“ဗုံးကတော့ တောင်ဖြိုတဲ့ မိုင်းပဲ ၊ ပြီးခဲ့တဲ့နှစ် မြို့နယ်အုပ်ချုပ်ရေးအထောက်အကူပြု အဖွဲ့ ၀င်၊ SNLD ကျားခေါင်းပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိုင်းအောင်ဝင်း နေအိမ်မှာ ပေါက်တဲ့ ဗုံးအမျိုးအစားနဲ့အတူတူပဲဖြစ်တယ်” ဟု ၄င်းက သျှမ်းသံတော်ဆင့် အားပြောသည်။

နမ့်ခမ်းမြို့တွင် မကြာခဏ ဗုံးများပေါက်ကွဲလေ့ရှိပြီး သို့သော် ဗုံးခွဲတရားခံကို အာဏာပိုင်ဘက် တစ်ကြိမ် တစ်ခါ မျှ ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိကြောင်းဒေသခံများထံမှ သိရသည်။

သျှမ်းသံတော်ဆင့် / စိုင်းလုံ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template