Headlines News :
Home » » ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းသည် နိုင်ငံတကာနှင့် ပြည်တွင်းရှိ ဥပဒေများကို မလေးမစားပြုသည့်သဘော ရောက်ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) ကြေညာချက်ထုတ်ပြန်

ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းသည် နိုင်ငံတကာနှင့် ပြည်တွင်းရှိ ဥပဒေများကို မလေးမစားပြုသည့်သဘော ရောက်ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) ကြေညာချက်ထုတ်ပြန်

Written By လွင့်မောင်မောင် on Wednesday, March 11, 2015 | 6:32 PM


Myanmar PTC




ဒီမိုကရေစီပညာရေး ပင်မကျောင်းသား သပိတ်စစ်ကြောင်းတွင် သတင်းရယူနေသည့် သတင်းထောက်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းနှင့် စပ်လျဉ်း၍ ယခု လုပ်ဆောင်မှုသည် နိုင်ငံတကာနှင့် ပြည်တွင်းရှိ ဥပဒေများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မလေးမစားပြုသည့်သဘော ရောက်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က သတင်းထုတ်ပြန်လိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ ထုတ်ပြန်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် ရောက်ရှိနေသော သပိတ်မှောက်ကျောင်းသားများနှင့် အခြေအနေအရပ်ရပ်ကို စောင့်ကြည့်၍ ပြည်သူလူထုထံ သတင်းတင်ပြပေးနေသော သတင်းမီဒီယာသမားများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက် ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က များစွာ စိုးရိမ်မကင်း ဖြစ်မိပါသည်။

၂။ကျောင်းသားများ၏ သပိတ်မှောက်ဆန္ဒပြမှုကို ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းမပါဘဲ ဖြစ်စဉ်များအတိုင်း သတင်းတင်ပြနေသည့်အပြင် ကိုယ်တိုင်ပါဝင် ဆန္ဒပြခြင်းလည်း မရှိသည့် သတင်းထောက်များကို နိုင်ငံတကာတွင် အဓိကရုဏ်းများ၊ ဆန္ဒပြမှုများအတွက် သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းထားသော သတင်းမီဒီယာဥပဒေပါ သတင်းထောက်များ၏ ရပိုင်ခွင့်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတို့၏ အခြေခံ ရပိုင်ခွင့်များနှင့် ဆန့်ကျင်ကာ ယခုကဲ့သို့ နှိမ်နင်းဖမ်းဆီးခြင်းသည် နိုင်ငံတကာနှင့် ပြည်တွင်းရှိ ဥပဒေများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က မလေးမစားပြုသည့် သဘောရောက်သည်ဟု ကောင်စီက ရှုမြင်ပါသည်။

၃။ လက်ပံတန်းမြို့တွင် ယခုတစ်ကြိမ် သတင်းထောက်များ ဖမ်းဆီးခံရမှုသည် ဒုတိယအကြိမ် ဖြစ်သည့်အတွက် ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ရပ်ကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) က ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့် ဖမ်းဆီးထားသည့် သတင်းထောက်များကို ချက်ချင်းပြန်လွှတ်ပေးရမည် ဖြစ်ကြောင်း ကောင်စီက အလေးအနက် တောင်းဆိုအပ်ပါသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template