Headlines News :
Home » » လူ ၃၀၀ခန့် တင်ဆောင်လာသည့် အောင်တံခွန်သင်္ဘော နစ်မြုပ်၊ လူ ၇၀ခန့် သေဆုံးကြောင်း ကနဦး သတင်းရရှိ

လူ ၃၀၀ခန့် တင်ဆောင်လာသည့် အောင်တံခွန်သင်္ဘော နစ်မြုပ်၊ လူ ၇၀ခန့် သေဆုံးကြောင်း ကနဦး သတင်းရရှိ

Written By လွင့်မောင်မောင် on Saturday, March 14, 2015 | 10:03 AM



Rakhine News Agency (ကျောက်ဖြူ၊ မတ် ၁၄)

မတ်လ ၁၃ရက် ညနေပိုင်းက ကျောက်ဖြူမြို့မှ စစ်တွေမြို့သို့ ထွက်ခွာလာသည့် အောင်တံခွန်- ၃ သင်္ဘောသည် ညပိုင်းတွင် နစ်မြုပ်သွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ နှစ်ထပ်သင်္ဘောသည် ကျောက်ဖြူမြို့မှ လူဦးရေ ၃၀၀ခန့် နှင့် ကုန်စည်များကို တင်ဆောင်လာပြီး၊ ကျောက်ဖြူမြို့ နှင့် မြေပုံမြို့ အကြား မျောက်ကျွိန်ကျွန်းအနီးတွင် နစ်မြုပ်သွားခြင်း ဖြစ်ကြောင်း ရခိုင်လူမှုကွန်ရက် (ကျောက်ဖြူ) မှ ဦးထွန်းနိုင် က Rakhine News Agency သို့ပြောသည်။

“သင်္ဘောက ညကတည်းက ထွက်သွားတာ။ ညဦးပိုင်းလောက်မှာ မြုပ်တယ်လို့သတင်းရတယ်။ ဖြစ်တာက နောင်တော်ဧရိယာထဲက မျောက်ကျွိန်ဆိုတဲ့ ကျွန်းနားမှာ။ ကျွန်တော်တို့ဆီက ရောက်သွားတဲ့ အဖွဲ့တွေ ပြောတာက အလောင်း ၄၀လောက်တော့ တွေ့တယ်လို့ပြောတယ်။ အလောင်းတွေကိုတော့ အဲ့ဒီကျွန်းမှာ တင်ထားတယ်။ အရေအတွက် အတိအကျတော့ မသိရသေးဘူး” ဟု ၄င်းကပြောသည်။

အောင်တံခွန်-၃ သင်္ဘောနစ်မြုပ်မှုကြောင့် သေဆုံးသူ ၆၈ဦး၊ အသက်ရှင်လျက် ကယ်ဆယ်ရရှိသူ ၁၇၂ ဦး နှင့် အခြားသူများကို ရှာဖွေလျက်ရှိကြောင်း ကနဦး သတင်းရရှိသော်လည်း Rakhine News Agency မှ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

“သင်္ဘောနစ်တာကတော့ ဟုတ်ပါတယ်။ ဘာကြောင့် နစ်မြုပ်တယ်ဆိုတာကို စစ်ဆေးနေပါတယ်။ ဘယ်နှယောက်ပါသွားတယ်။ ဘယ်နှယောက် သေဆုံးတယ်ဆိုတာတော့ ကျွန်တော်တို့လဲ လောလောဆယ် မသိရသေးပါဘူး။ ခရိုင်မှူး ဦးဆောင်တဲ့ အဖွဲ့က အကူအညီပေးနိုင်ဖို့ လိုက်သွားပါပြီ” ဟု ကျောက်ဖြူမြို့မ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

သင်္ဘောနစ်မြုပ်မှု ကြောင့် ဒုက္ခရောက်နေသူများအား ကူညီကယ်ဆယ်ပေးရန်အတွက် ကျောက်ဖြူမြို့နှင့် မြေပုံမြို့မှ လူမှုရေး အဖွဲ့အစည်းအချို့ အခင်းဖြစ်ပွားရာနေရာသို့ ထွက်ခွာသွားပြီး၊ အချို့အဖွဲ့အစည်းများမှာလည်း ဆက်လက်ထွက်ခွာရန် ပြင်ဆင်နေကြောင်း သိရသည်။

‪‎Rakhine News Agency‬
https://www.facebook.com/RakhineNewsAgency
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template