Headlines News :
Home » » သြစီလိမ္မော်သီးကို အတုလုပ်ပြီး တရုတ်တွေ ရောင်းချ

သြစီလိမ္မော်သီးကို အတုလုပ်ပြီး တရုတ်တွေ ရောင်းချ

Written By လွင့်မောင်မောင် on Friday, March 13, 2015 | 9:10 AM



တရုတ်နိုင်ငံမှာ ​လူအသုံးအဆောင် ​ပစ္စည်းတွေဖြစ်ကြတဲ့ ​နာမည်ကြီး ​အမှတ်တံဆိပ် ​လက်ကိုင်အိတ်၊ ​ဖုန်း၊ ​နာရီ ​စတာတွေကိုပဲ ​အတုခိုးတာမဟုတ်ပဲ ​သြစတြေးလျနိုင်ငံထွက် ​သစ်သီးတွေကိုလည်း ​အတုခိုးပြီးတော့ ​ရောင်းချတာတွေ ​လုပ်နေတယ်လို့ ​သိရပါတယ်။

သြစတြေးလျနိုင်ငံက ​ထွက်ရှိတဲ့ ​လိမော်သီးတွေဟာ ​တရုတ်နိုင်ငံမှာ ​ရောင်းအားကောင်းနေပြီး ​သြစတြေးလျက ​တန်ချိန်ပေါင်း ​သောင်းနဲ့ချီကို ​တင်ပို့ရောင်းချနေတာ ​ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ​သြစတြေးလျ ​လိမော်သီးတွေနဲ့ ​တူအောင် ​တရုတ်နိုင်ငံက ​လူတချို့က ​တားမြစ် ​ဆိုးဆေးတွေကို ​သုံးပြီး ​ဈေးတင်ရောင်းနေကြတယ်လို့ ​ဆိုပါတယ်။

သြစတြေးလျ ​နိုင်ငံက ​ထွက်တဲ့ ​အသီးတွေနဲ့ ​တူအောင် ​သစ်သီးတွေကို ​အဆိပ်ဖြစ်စေတဲ့ ​ဆေးရည်ထဲမှာ ​စိမ်ထည့်တာတွေ ​လုပ်ပြီး ​သြစတြေးလျနိုင်ငံကနေ ​လာကြောင်း ​စာသားတွေ ​ရေးသားကြတယ်လို့ ​ဆိုပါတယ်။

ဒါပေမဲ့ ​ရေးသားထားတဲ့ ​စာသားတွေမှာ ​စာလုံးပေါင်းမှားတာတွေ ​ရှိသလို ​ဆေးဆိုးရောင်တွေက ​မတရားနီတာတွေကြောင့် ​သစ်သီးတုတွေ ​ပေါ်ပြီ ​ဆိုတာကို ​သိကြရတာလို့ ​ဆိုပါတယ်။

ဒါ့အပြင် ​ရာသီမဟုတ်တဲ့ ​အချိန်မှာလည်း ​အဲဒီ ​အသီးတွေကို ​ဆက်လက်ရောင်းချနေတဲ့အတွက် ​သစ်သီးတုမှန်း ​သိကြရတာလို့ ​ပြောပါတယ်။

သြစတြေးလျ ​နိုင်ငံက ​သီးနှံနဲ့ ​အသား၊ ​ငါးတွေဟာ ​အရည်အသွေး ​မြင့်မားတယ်လို့ ​ယုံကြည်တဲ့အတွက် ​အာရှနိုင်ငံတွေမှာ ​ဈေးပိုပေးပြီး ​တင်သွင်းလေ့ရှိပါတယ်။

ABC Radio Australia
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template