Headlines News :
Home » » ထားဝယ်ကျောင်းသားဆုတောင်းပွဲတွ င် ကျောင်းသားနှစ်ဦးအဖမ်းခံရ

ထားဝယ်ကျောင်းသားဆုတောင်းပွဲတွ င် ကျောင်းသားနှစ်ဦးအဖမ်းခံရ

Written By လွင့်မောင်မောင် on Wednesday, March 11, 2015 | 11:09 PM


ကျောင်းသားများ ဆုတောင်းနေစဉ် နှင့်
ကျောင်းသားအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားစဉ်
ဓာတ်ပုံ - Dawei Watch

 ၁၁-၃-၁၅ ထားဝယ်
ယနေ့မတ်လ ၁၁ ရက်နေ့က လက်ပံတန်းမြို့တွင် အကြမ်းဖက်ခံရသော ကျောင်းသားများအတွက်
ထားဝယ်မြို့လောကမာရဇိန်ဘုရားကြီ
းဝင်းအတွင်း ပြုလုပ်သည့် ဆုတောင်းပွဲတွင်
  ကျောင်းသားနှစ်ဦးနှင့် လယ်သမားတစ်ဦး တို့ ဖမ်းဆီးခံခဲ့ရကြောင်း
ဆုတောင်းပွဲတက်ရောက်သည့် ကျောင်းသားများက ပြောသည်။
  
ညနေ ၅ နာရီကျော်ခန့်တွင် ဆုတောင်းပွဲပြုလုပ်ရန် ပြင်ဆင်နေသည့်
  ကျောင်းသားများထံသို့ ရဲတပ်ဖွဲ့ဝင်များရောက်လာပြီး
ထားဝယ်မြို့ဆန်းချီရပ်ကွက်မှ လယ်ယာမြေအမှုအတွက် လာရောက်ခေါ်ဆောင်သည်ဟု
ဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ကျောင်းသားများက ပြောသည်။
 
“ဆုတောင်းပွဲနဲ့ လယ်သမားကိစ္စနဲ့ ဘာမှ မဆိုင်ဘူး။ အခုလို လာဖမ်းတာက လူကို
  စော်ကားတာမဟုတ်ဘဲ ကိုးကွယ်ယုံကြည်မှုကိုပါ စော်ကားသလိုဖြစ်နေတယ်” ဟု
ဆုတောင်းပွဲတက်ရောက်သည့် ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂ
ဥက္ကဌ
ကိုလေးဦးကပြောသည်။
ဆုတောင်းပွဲတွင် ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးေ
ဆာင်ကော်မတီဝင်
တစ်ဦးဖြစ်သူ ကိုမင်းလွင်ဦးနှင့် ထားဝယ်ခရိုင်တက္ကသိုလ်ကျောင်းသား
သမဂ္ဂမှ
  ကျောင်းသားတစ်ဦးဖြစ်သူ ကိုအောင်ဝေယံကျော်တို့အပြင် လယ်သမားတစ်ဦးဖြစ်သူ
  ဒေါ်ရွှေဇင်ယုတို့ကို ပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျောင်းသားများက
  ပြောသည်။
“လယ်ယာမြေကိစ္စက ပုဒ်မ ၄၄၇၊ ၄၂၇ အမှုတွေအတွက် အစစ်ခံဖို့ လာခေါ်တာဖြစ်တယ်။
ဖမ်းဆီးတာလဲမဟုတ်ဘူး။ ဆုတောင်းတာနဲ့လည်း ဘာမှ မဆိုင်ပါဘူး ” ဟု
ေ ကျောင်းသားများကို လာရောက်ခေါ်ဆောင်ရာတွင် ပါဝင်သည့်
ထားဝယ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲအုပ် မျိုးမြင့်ဦးက ပြောသည်။
  
ကျောင်းသားများ၏ ဆုတောင်းပွဲတွင် ကျောင်းသားများအား
  ကျောင်းသားအလံထောင်ခြင်း၊ နဖူးစည်း စည်းခြင်းနှင့် လက်ပတ်များ
ဝတ်ဆင်ခြင်းတို့ကို ရဲတပ်ဖွဲ့ဝင်များက တားမြစ်ခဲ့ပြီး ဘုရားဖူးများ
စိတ်အနှောက်အယှက်မဖြစ်စေရန် ယင်းသို့ တားမြစ်ရခြင်းဖြစ်ကြောင်း ဒုတိယ
တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးချစ်စိန်က ပြောသည်။
  
“ဒါက ဆူပူမှုလည်းမဟုတ်ဘူး။ အေးအေးချမ်းချမ်းနဲ့ ဆုတောင်းတာ။
လမ်းပေါ်ထွက်တာလည်းမဟုတ်ဘူး” ဟု
ကျောင်းသားတစ်ဦးဖြစ်သည့်ကိုသူရနိုင်က ပြောသည်။
ဆုတောင်းပွဲနှင့် အချိန်ကိုက်၍ မြေယာကိစ္စတွင် အမှုဖွင့်ခံထားရသည့် ကျောင်းသားနှစ်ဦးကို လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ကျောင်းသားများက
  ပြောဆိုခဲ့ပြီး ရဲမှူးကြီးချစ်စိန်က မူ ငြင်းဆိုခဲ့ပြီး
ရဲတပ်ဖွဲ့အနေဖြင့် အမှုဖွင့်ခံထားရသည့် ကျောင်းသားများကို
အကြိမ်ကြိမ်ဆင့်ခေါ်ခဲ့သည်ကို မလာခြင်းကြောင့် ယခုကဲ့သို့
လာရောက်ခေါ်ဆောင်ခြင်းဖြစ်သည်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။
ဖမ်းဆီးခေါ်ဆောင်သွားသည့် ကျောင်းသားများနှင့် လယ်သမားတစ်ဦးကို ည ၇ နာရီ
၁၅ မီနစ် အချိန်အထိ မလွှတ်ပေးသဖြင့် ကျောင်းသားကျောင်းသူအင်အား ၃၀ ခန့်မှ
ထားဝယ်မြို့မ ရဲစခန်းရှေ့တွင် စောင့်ဆိုင်းလျက်ရှိကြောင်း
  ကျောင်းသားများထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ က ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်ရှိ
သိမ်းဆည်းထားသော လယ်ယာမြေများပေါ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာ
စုပေါင်းရုံးဆောက်လုပ်မည့် မြေနေရာ၌ လယ်သမားနှင့် အစိုးရအကြား
အငြင်းပွားကိစ္စတွင် လယ်သမား၉ ဦးနှင့် အတူ ကျောင်းသား ၃ ဦးနှင့်
  ကျောင်းသူ ၃ ဦးကို မြို့နယ်ထွေအုပ်မှတရားလိုပြုလုပ်ကာတိုင်ကြားခြင်း
ကြောင့် ပိုင်နက်ကျူးလွန်မှုအပါအ၀င် ပုဒ်မ၄ ခုဖြင့် အမှုဖွင့်ခံထားရသည်။
ဆုတောင်းပွဲတွင် ကျောင်းသား ၁၅ ဦးခန့်ရှိပြီး ရဲတပ်ဖွဲ့ဝင်အင်အား မှာ ၅၀
  ကျော်ခန့်ရှိကြောင်း သိရသည်။၏

Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template