Headlines News :
Home » » သင်္ဘောသား ၄၉ ဦးလိုက်ပါလာသော ထိုင်ဝမ်ငါးဖမ်းသင်္ဘောတစ်စင်း ပျောက်ဆုံးနေ

သင်္ဘောသား ၄၉ ဦးလိုက်ပါလာသော ထိုင်ဝမ်ငါးဖမ်းသင်္ဘောတစ်စင်း ပျောက်ဆုံးနေ

Written By လွင့်မောင်မောင် on Monday, March 9, 2015 | 8:18 AM


ထိုင်ဝမ် မတ် ၈

ရက်သတ္တနှစ်ပတ်ကြာ ပျောက်ဆုံးနေသည့် သင်္ဘောသား ၄၉ ဦးလိုက်ပါစီးနင်းလာသော ထိုင်ဝမ်ငါးဖမ်းသင်္ဘော တစ်စင်းကိုရှာဖွေရန် အာဂျင်တီးနားနိုင်ငံနှင့်ဗြိတိန် နိုင်ငံတို့ထံ ထိုင်ဝမ်အာဏာပိုင်များက အကူအညီတောင်းခံ လိုက်ပြီဖြစ်သည်။

သက်တမ်း ၂၈ နှစ်ရှိပြီဖြစ်သည့် 'ဆောင်းဖူချန်'သင်္ဘောသည် ဇန်နဝါရီလက ထိုင်ဝမ်၏ ကာအိုဆောင်မြို့ မှထွက်ခွာခဲ့ပြီး တောင်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ဖော့ကလန်းကျွန်းကမ်းရိုးတန်းမှ ရေမိုင် ၁၇ဝဝ (၃၁၄၈ကီလိုမီတာ)ခန့်ကွာဝေးသည့်နေရာတွင် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ဂြိုဟ်တုသတင်းများအရ သိရသည်။

ထိုင်ဝမ်မာလိန်မှူးတစ်ဦး၊အင်ဂျင်နီယာချုပ်တစ်ဦး၊ တရုတ်နိုင်ငံသား ၁၁ ဦး၊အင်ဒိုနီးရှားနိုင်ငံသား ၂၁ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁၃ ဦးနှင့် ဗီယက်နမ်နိုင်ငံသား နှစ်ဦးတို့ သင်္ဘောပေါ်တွင်စီးနင်းလိုက်ပါခဲ့ကြသည်။

ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၃ နာရီဝန်းကျင်က သင်္ဘောကုန်းပတ်ပေါ်သို့ ရေများစိမ့်ဝင်လာကြောင်း မာလိန်မှူးကသတင်းပို့ခဲ့ပြီးမကြာမီအချိန်တွင် သင်္ဘောနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း သင်္ဘောပိုင်ရှင်များကဆိုသည်။

ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း ယခုထိတိုင် မည်သည့်သတင်းအချက်အလက်မျှမရရှိသေးပေ။

''သင်္ဘောဘယ်နေရာရောက်နေလဲ၊ဘာတွေဖြစ်ခဲ့ သလဲဆိုတာ အခုထိမသိသေးပါဘူး'' ဟု ထိုင်ဝမ်ငါးဖမ်း လုပ်ငန်းအေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူကဆိုသည်။

''သင်္ဘောနစ်မြုပ်သွားတဲ့ သဲလွန်စမတွေ့ရသေးဘူး။ အကြောင်းတစ်ခုခု ရင်ဆိုင်တွေ့ရင် အာကာသရေဒီယိုလိုင်းနဲ့ သတင်းပို့လို့ရပါတယ်။ ဒါပေမယ့် အခုထိဘာသတင်းမှ မရသေးဘူး'' ဟု ၎င်းက ဆက်လက်ပြောသည်။ သို့သော် သင်္ဘောပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး အဘယ်ကြောင့် နှစ်ပတ်အကြာမှ ပြည်သူတွေကို အသိပေးနိုင်ခဲ့သည်ကိုမူ ထည့်သွင်းပြောကြားခြင်းမရှိခဲ့ပေ။

အဆိုပါသင်္ဘောသည် ယမန်နှစ်က ပြည်ကြီးငါး တန် ၂ သိန်းခန့်ဖမ်းမိခဲ့ကြောင်း ငါးဖမ်းလုပ်ငန်း အေဂျင်စီကဆိုသည်။

စကိုင်းနယူးစ်

The Mirror Daily
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template