Headlines News :
Home » , » မြန်မာ့လေတပ်၏ ဗုံးကြဲမှုကြောင့် တရုတ်နိုင်ငံသား ၄ ဦးသေဆုံး

မြန်မာ့လေတပ်၏ ဗုံးကြဲမှုကြောင့် တရုတ်နိုင်ငံသား ၄ ဦးသေဆုံး

Written By လွင့်မောင်မောင် on Saturday, March 14, 2015 | 10:57 PM


  မြန်မာ့လေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကိုးကန့်တိုက်ပွဲတွေနဲ့ ထိစပ်နေတဲ့ ယူနန်ပြည်နယ်၊ Lincang နယ်စပ်မြို့က ကြံစိုက်ခင်းကို မတ် ၁၃ ရက် နေ့လယ်ပိုင်းက ဗုံးထိမှန်ခဲ့ပြီး တရုတ်နိုင်ငံသား ၄ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရသွားတယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

ဒီဖြစ်ရပ်အပေါ် တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီး Liu Zhenmin က တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအအမတ်ကြီးကို ဆင့်ခေါ်ပြီး ပြစ်တင်ရှုတ်ချသလို အသေးစိတ် စုံစမ်းစစ်ဆေးဖို့နဲ့ စုံစမ်းမှုတွေကို အသိပေးဖို့ တိုက်တွန်းပါတယ်။

တာဝန်ရှိသူကို အပြစ်ပေးဖို့၊ အဲဒီလိုဖြစ်ရပ်မျိုးတွေ ထပ်ဖြစ်မလာအောင် တားဆီးပေးဖို့ နှစ်နိုင်ငံ နယ်စပ်ဒေသတွေမှာ လုံခြုံရေးနဲ့ တည်ငြိမ်ရေးတွေအတွက် ထိထိရောက်ရောက် ဖြစ်အောင် ချက်ခြင်းဆောက်ရွက်လုပ်ဆောင်ဖို့ တရုတ် နိုင်ငံခြားရေး ဒုဝန်ကြီးက မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

အစောပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ အစိုးရတပ် တိုက်ခိုက်မှုတွေကြောင့် နေအိမ်တလုံး ပျက်စီးသွားခဲ့တယ်လို့လည်း တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် တရုတ်နယ်စပ်အနီးကို ရောက်ရှိလာတဲ့ မြန်မာ စစ်တပ်လေယာဉ်တွေကို သတိပေး စောင့်ကြည့်ဖို့ တရုတ်လွတ်မြောက်ရေး တပ်မတော်က တိုက်လေယာဉ်တွေ စေလွှတ်ခဲ့တယ်လို့ တရုတ် လေတပ်ပြောခွင့်ရ ရှန်ဂျင်ကီက ပြောပါတယ်။

By ဒီဗွီဘီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template