Headlines News :
Home » » လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွဲမှုအတွင်း ဖမ်းဆီခံသတင်းထောက် ၂ ဦး လွတ်မြောက် (မေးမြန်းချက်)

လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွဲမှုအတွင်း ဖမ်းဆီခံသတင်းထောက် ၂ ဦး လွတ်မြောက် (မေးမြန်းချက်)

Written By လွင့်မောင်မောင် on Friday, March 13, 2015 | 11:48 PM



လက်ပံတန်း ကျောင်းသား သပိတ်ဖြိုခွဲမှုအတွင်း အဖမ်းခံခဲ့ရတဲ့ သတင်းထောက် ၂ ယောက် မတ်လ ၁၃ ရက် မွန်းလွဲပိုင်းက ပြန်လွတ်မြောက်ခဲ့ပါတယ်။

မြန်မာပို့စ်ဂျာနယ်သတင်းထောက် ကိုဥာဏ်လင်းထွန်းနဲ့ ရီပို့တာဂျာနယ်သတင်းထောက် ကိုဖြိုးအောင်မြင့်တို့ ၂ ယောက်ဟာ ကျောင်းသား တယောက်နဲ့အတူ ပြန်လွတ်လာတာဖြစ်ပြီး သူတို့ ၂ ယောက်စလုံးဟာ ကျောင်းသားတွေနဲ့အတူ ရိုက်နှက်ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာပို့စ်ဂျာနယ်သတင်းထောက် ကိုဥာဏ်လင်းထွန်းက သူ့ကိုဖမ်းစဉ် သတင်းထောက်လို့ ပြောတာကိုပင် သတင်းထောက်လဲဖမ်း ဒီကောင်တွေ ဖွတာဆိုပြီး ဖမ်းတဲ့အကြောင်း၊ တိုင်းဒုရဲမှူးကြီးနန္ဒ၀င်းကိုယ်တိုင် သူ့ဖုန်းကိုသိမ်းပြီး ဖွတဲ့ကောင်ဖမ်းဆိုပြီး ဖမ်းဆီးခဲ့တဲ့ အကြောင်း၊ အေးအေးသက်သာ အဖမ်းခံခဲ့ပေမယ့် ဘုန်းကြီးကျောင်းထဲမှာ ပုံစံထိုင်ခိုင်းပြီး ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြရာမှာ ၀ိုင်းရိုက်တဲ့ရဲတွေဟာ သူတို့ကို အမျိုးမျိုးလှောင်ပြောင်ပြီး အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့ကြကြောင်း ပြောပါတယ်။

မြန်မာပို့စ်ဂျာနယ်သတင်းထောက် ကိုဥာဏ်လင်းထွန်းကို သာယာဝတီထောင်က လွတ်လာလာချင်း ဒီဗွီဘီက ဆက်သွယ်မေးမြန်းခွင့် ရခဲ့ပါတယ်။

သတင်းထောက်နှစ်ယောက်စလုံးကို ကွင်းလုံးကျွတ်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

By ရွှေအောင်(ဒီဗွီဘီ)
http://burmese.dvb.no

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template