Headlines News :
Home » » ရန်ကုန်မြို့လယ် အကြမ်းဖက် ဖြိုခွင်းမှု စုံစမ်းရေးကော်မရှင် ဖွဲ့စည်း

ရန်ကုန်မြို့လယ် အကြမ်းဖက် ဖြိုခွင်းမှု စုံစမ်းရေးကော်မရှင် ဖွဲ့စည်း

Written By လွင့်မောင်မောင် on Thursday, March 12, 2015 | 8:05 AM


ရန်ကုန်မြို့တော်ခန်းမရှေ့မှာ မတ်လ ၅ ရက်နေ့က လက်ပတ်အနီဝတ်ထားတဲ့သူတွေနဲ့ ကျောင်းသား၊ အရပ်သားတချို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားစဉ်။ Photo: Thiha Tun, Kyaw Lwin Oo/RFA
ပြီးခဲ့တဲ့ မတ်လ ၅ ရက်ကြာသာပတေးနေ့က ရန်ကုန် မြို့တော်ခန်းမရှေ့မှာ အမျိုးသား ပညာရေး ဥပဒေပြုပြင်ပြောင်းလဲရေးအတွက် ဆန္ဒပြကြတဲ့ ကျောင်း သူကျောင်းသားတွေကို လူစုခွဲဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ဖြစ်ရပ်မှန်ကို စုံစမ်းစစ်ဆေးဖို့အတွက် ဆိုပြီး နိုင်ငံတော်သမ္မတက စုံစမ်းရေးကော်မရှင်တစ်ရပ် ကို မနေ့ကရက်စွဲနဲ့ ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။

ဒီစုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့ အဲ့ဒီဖြစ်စဉ် နဲ့ ဆောင်ရွက်ချက်တွေကို ဥပဒေနဲ့ ညီညွတ်မှုရှိ- မရှိ လုပ်ထုံးလုပ်နည်း မှန်ကန်မှုရှိ- မရှိ စစ်ဆေးဖို့အပြင် အလားတူ ဖြစ်စဉ်မျိုး နောက်ထပ်မဖြစ်ရအောင် ကြိုတင် ကာကွယ်ဆောင်ရွက်သင့်တဲ့ အကြံပြူချက်တွေတင်ပြဖို့ အတွက် ဒီကော်မရှင်ကို ဖွဲ့စည်းတာဖြစ်တယ်လို့ လည်း ဖော်ပြထားပါတယ်။

စုံစမ်းရေးကော်မရှင်တရပ်အနေနဲ့ အဖြစ်မှန်ကိုသိနိုင်ဖို့ အတွက် အမှန်ကန်ဆုံး ဆောင်ရွက်စစ်ဆေးသွားမယ်လို့ ကော်မရှင်ရဲ့အတွင်းရေးမှူးဖြစ်တဲ့ ရန်ကုန်တိုင်း အစိုးရ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့် က RFA ကိုပြောပါတယ်။

"ဒီဥစ္စာကတော့ ကျနော်တို့ စစ်ဆေးတွေ့ရှိပြီးတော့ လောလောဆယ်ကျနော်တို့အဖွဲ့ဝင်တွေနဲ့ မတွေ့ရသေး ပါဘူး၊ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ကျနော်တို့ သမ္မတဆီ တင်မှာပါ၊ အမှန်တိုင်းပြောရရင် အမှန်ကန်ဆုံး ကျနော်တို့လုပ်ဆောင်သွားမှာပါ၊ ဒီအတွက်ကိုလဲ ကျနော်တို့အပြောအဆိုမခံပါဘူး၊ ဒါတော့ကျနော်ပြော ရဲပါတယ်၊ ဘက်စုံ၊ ထောင့်စုံ ကျနော်တို့လုပ်သွားမှာပါ   "

အခုဖွဲ့စည်းလိုက်တဲ့ စုံစမ်းရေးကော်မရှင်ထဲမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း က ဥက္ကဌအဖြစ်တာဝန်ယူထားပြီး အဖွဲ့ဝင် ၃ ဦးနဲ့ အတူ အတွင်းရေးမှူးတစ်ဉ်ီးအပါအ၀င် စုစုပေါင်း အဖွဲ့ဝင် (၅) ဦးနဲ့ ဖွဲ့စည်း လိုက်တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့တော်ခန်းမရှေ့မှာဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်တဲ့ စစ်ဆေးတွေ့ရှိချက်တွေကို ဒီစုံစမ်းရေးကော်မရှင်က လာမယ့် မတ်လ (၃၁) ရက်နေ့နောက်ဆုံးထားပြီး သမ္မတဆီ အစီရင်ခံစာတင်သွင်းရမှာလည်း ဖြစ်ပါတယ်။

RFA Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template