Headlines News :
Home » » နန္ဒ၀န်ဈေးရှေ့က ဆိုက်ကားသမားစွမ်းအားရှင် ၀ိုင်းရိုက်ခံရအပြီး အိမ်မပြန်ရဲဖြစ်နေ

နန္ဒ၀န်ဈေးရှေ့က ဆိုက်ကားသမားစွမ်းအားရှင် ၀ိုင်းရိုက်ခံရအပြီး အိမ်မပြန်ရဲဖြစ်နေ

Written By လွင့်မောင်မောင် on Tuesday, March 10, 2015 | 11:17 PM


ရန်ကုန်မြို့တော်ခန်းမရှေ့ ကျောင်းသားဆန္ဒပြမှုကို စွမ်းအားရှင်လူမိုက်များသုံးပြီး အကြမ်းဖက် ခဲ့ရာတွင် မီဒီယာများတွင် မြင်ခဲ့ရသော တက်ကြွစွာပါဝင်ခဲ့သူ တောင်ဥက္ကလာပမြို့နယ်၊ နန္ဒာဝန်ဈေးရှေ့(အင်းဝထိပ်) ဆိုက်ကားနင်းစားသူ စွမ်းအားရှင်အား ၎င်း၏ တစ်ရပ်တည်းနေများက မတ်လ ၈ရက်နေ့တွင် ၀ိုင်းဝန်း ရိုက်နှက်ခဲ့ကြကြောင်း သိရသည်။
-
ရန်ကုန်မြို့တော်ခန်းမရှေ့ ကျောင်းသားများဆန္ဒပြမှု ကို ၂၀၁၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့ ညနေ ၅နာရီခန့်က စွမ်းအားရှင်များရှေ့တန်းတင် ဖြိုခွဲခဲ့ရာတွင် အဆိုပါ တောင်ဥက္ကလာပမြို့နယ်၊ နန္ဒ၀န် ဈေးအနီး၊ ရပ်ကွက်(၄) တွင် နေထိုင်သူ ဆိုက်ကားသမားသည် အထင်ရှားဆုံးပါဝင်ခဲ့သည်ကို မီဒီယာများက ဖော်ပြသော ဗီိဒီယိုဖိုင်များ၊ ဓာတ်ပုံများတွင် အများသူငှာ တွေ့ခဲ့ကြရသည်။
-
အဆိုပါလူအား ၎င်း၏ ရပ်ကွက်သားများက ၀ိုင်းဝန်းရိုက်နှက်ပြီး ရက်ကွက်အတွင်းမ၀င်ရဟု နှင် ထားခဲ့ကြောင်းသိရသည်။ ၎င်းရိုက်နှက်ခံရအပြီး ရိုက်နှက်သူများအား ဖမ်းဆီးရန် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ရပ်ကွက်(၄) သို့ လာရောက်ခဲ့သော်လည်း ရပ်ကွက်သားများက ၀ိုင်းဝန်း ကန့် ကွက်ကြသောကြောင့် မည်သူရိုက်သည်ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိဘဲ ရဲတပ်ဖွဲ့ဝင်များ ပြန်လည်ထွက်ခွာသွားခဲ့ရကြောင်း သိရသည်။
-
လောလောဆည်၌ အဆိုပါ စွမ်းအားရှင်လူမိုက် ဆိုက်ကားဆရာမှာ ၎င်းနေထိုင်ရာ ရပ်ကွက်(၄) အတွင်း သို့ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ခြင်း မရှိသေးဘဲ တိမ်းရှောင်နေရကြောင်း သိရှိရသည်။
===============
Komyo myo
April Maung Maung
ဒေါင်းမာန်ဟုန်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template