Headlines News :
Home » , » ကမ္ဘာ့ဘဏ်မှ ထောက်ပံ့မည့် ဘတ်ဂျက် ဖရူဆိုမြို့နယ် ရွေးခြယ်ခံရ

ကမ္ဘာ့ဘဏ်မှ ထောက်ပံ့မည့် ဘတ်ဂျက် ဖရူဆိုမြို့နယ် ရွေးခြယ်ခံရ

Written By လွင့်မောင်မောင် on Monday, March 9, 2015 | 1:05 PM


ကမ္ဘာ့ဘဏ်မှ  ဖွံ့ဖြိုးရေးစီမံကိန်း ထောက်ပံ့ပေးမည့် ကျပ်သန်း ၁၂၀ ကို ကယားပြည်နယ် စတင် အကောင်အထည်ဖော်ရန် ဖရူဆိုမြို့နယ်အား ရွေးခြယ်ခဲ့ကြသည်ဟု ကျေးလက်ဒေသဖွဲ့ဖြိုးရေး ဒု-ဦးစီးမှူး ဦးလှခိုင် ကန္တာရ၀တီတိုင်းမ် သို့ပြောသည်။

“ဆင်းရဲတဲ့ မြို့နယ်ဖြစ်ရမယ် တခြားအကူညီ ထောက်ပံ့မရှိတဲ့မြို့နယ်(သို့) ထောက်ပံ့မှု နည်းတဲ့မြို့နယ်တွေဖြစ်ရမယ် အဲလိုသတ်မှတ်ပေးထားတယ်” ဟု  ဦးလှခိုင် က ပြောသည်။

ကမ္ဘာ့ဘဏ်မှ ထောက်ပံ့မည့်မြို့နယ်အား ရွေးခြယ်ရန် INGOs ၊ NGOs များနှင့် ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ လူမှုအသင်းအဖွဲ့များတို့ထံမှ အကြံညဏ်ရယူရန် မတ်လ ၆ရက်နေ့တွင် လွိုင်ကော်မြို့တော်ခန်းမ၌ လူထုဗဟိုပြုစီမံကိန်း ဆောင်ရွက်မည့်မြို့နယ် ရွေးခြယ်ခြင်း အခမ်းအနား ကျင်းပခဲ့ကြသည်။

ထိုအခမ်းအနားတွင် ကယားပြည်နယ်ရှိ မြို့ ၇ မြို့အနက် ဖွံ့ဖြိုးမှုနောက်နှေးဆုံး ၃ မြို့ဖြစ်သော ကိုရွေးချယ်ခဲ့ကြပြီး ၎င်းမြို့ထဲမှ ပထမဦးစားပေးမြို့ တမြို့ကို ကမ္ဘာ့ဘဏ်မှ ထောက်ပံ့မှုကို ရရှိမည်ဖြစ် သည်ဟု သိရသည်။

ဖွံ့ဖြိုးမှုနှောင့်နှေးဆုံးမြို့နယ်များကိုရွေးခြယ်ခဲ့ရာတွင်  ပထမ ဖရူဆိုမြို့နယ်၊ ဒုတိယ ဖာဆောင်းမြို့နယ်၊ တတိယ ဒီမောဆို မြို့နယ်တို့ ကိုရွေးခြယ်ခဲ့သည်ဟု သိရသည်။

လူဦးရေ သုံးထောင်အောက်ရှိသည့်မြို့ကို ကျပ်သန်း ၂၀၊ သုံးထောင်မှ ငါး ထောင်ရှိလျှင် ကျပ်သန်း ၄၀၊ ငါးထောင်မှ ကိုးထောင်ထိရှိလျှင် ကျပ်သန်း ၆၀၊ ကိုးထောင်အထက်ရှိသည့်မြို့နယ်ကို ကျပ်သန်း ၁၂၀ ကို သုံးနှစ်ဆက်တိုက် ထောက်ပံ့မည်ဖြစ်သည့်အတွက် လူဦးရေကိုအခြေခံ၍လည်း ရွေးခြယ်ခဲ့ကြရသည်ဟု သိရသည်။

“ဖရူဆိုမြို့ရွေးလိုက်တယ်ဆိုတာက လူဦးရေပိုများလို့။ ဘတ်ဂျက်က လူဦးရေအပေါ်ကြည့်ပြီး ပေးတယ် ဆိုတောလေ။ အမှန်တကယ် ဖွဲ့ဖြိုးမှုနောက်နှေးတာက ရှားတောမြို့တွေပေါ။ ဒါပေမဲ့ ရှားတောမြို့တွေက လူဦးရေနည်းတော့ အခြေနေအရ ဖရူဆိုမြို့ကို ရွေးလိုက်တယ် မမျှတသလိုတော့ ဖြစ်တာပေါ” ဟု KNOW မှ ဆရာမ မီးမီးကပြောသည်။

ရရှိလာသည့် ဘတ်ဂျက်များကို ဒီမိုကရေစီကျင့်စဉ်ဖြင့် အောက်ခြေအဆင့်ကျေးရွာလူထုမှ ရွေးခြယ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြုလုပ်သွားမှာဖြစ်ကြောင်း ကျေးရွာလူထုများကိုလည်း နည်းလမ်းကျကျ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ဦးလှခိုင်က ပြောသည်။

စီမံကိန်းကို ၂၀၁၅- ၂၀၁၆ ခုနှစ် ဘတ်ဂျက်တွင် ဖရူဆိုမြို့နယ်တွင်၂၀၁၅  ဧပြီလတွင် စတင်အကောက်အထည်ဖော် သွားမည်ဟု သိရသည်။ ဖရူဆိုမြို့နယ်အတွင်းတွင် ကျေးရွာစုစုပေါင် ၁၁၅ ရွာ ရှိသည်။

Written by ရှားမြာ
ကန္တာရ၀တီတိုင်းမ်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template