Headlines News :
Home » , » ထိုင်း အငှား မော်တော်ဆိုင်ကယ် လုယက်သူ မြန်မာ ၄ ဦးကို ဖမ်းဆီး

ထိုင်း အငှား မော်တော်ဆိုင်ကယ် လုယက်သူ မြန်မာ ၄ ဦးကို ဖမ်းဆီး

Written By လွင့်မောင်မောင် on Friday, March 13, 2015 | 12:23 PM

ဒီနေရာမှMyanmar PTC မှာငွေယူရန်



ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ အငှား မော်တော်ဆိုင်ကယ်ကို ဓားနဲ့တေ့ လုယက်တဲ့ မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးရမိတယ်လို့ မဲဆောက်ရဲတပ်ဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးထားတဲ့သူတွေကတော့ အောင်ဝင်းထွန်း ( ၂၁ ) နှစ်၊ မောင်ကျော်  ( ၂၀ ) နှစ်၊ အောင်ထွန်း ( ၂၁ ) နှစ် နဲ့ ကိုချိုင်း ( ၂၁ ) နှစ်တို့ ဖြစ်ပြီး မတ် ၁၂ ရက်  မနက်ပိုင်းက  အငှားဆိုင်ကယ် မောင်းနှင်တဲ့ ထိုင်းအမျိုးသမီး ၂ ဦးဆီကနေ ဆိုင်ကယ် ၂ စီးလုယက်သွားတာလို့ ရဲဝန်ထမ်းက ပြောပါတယ်။

မဲဆောက်မြို့လယ်ရပ်ကွက်ကနေ မြို့ပြင်ဘက်ကို လိုက်ပို့ပေးဖို့  ဆိုင်ကယ် ၂ စီးကို လူ ၄ ဦးက ငှားရမ်းခဲ့ပြီး လူပြတ်တဲ့နေရာ အရောက် အပေါ့သွားမယ်လို့ ပြောကာ ဆိုင်ကယ်ရပ်ခိုင်းကြောင်း၊ ဒီနောက် ဆိုင်ကယ်မောင်းတဲ့ အမျိုးသမီး ၂ ဦးကို ဓားဖြင့်ခြိမ်းခြောက်ခဲ့ပြီး အမျိုးသမီးများ ထွက်ပြေးတာနဲ့ ဆိုင်ကယ်ကို မောင်းပြေး သွားကြောင်း ၊ အမျိုးသမီးတွေက ရဲစခန်းကို တိုင်ကြား ခဲ့ရာမှာ မြန်မာ ဘက်ခြမ်းမကူးခင် ဖမ်းဆီးရမိခဲ့တာလို့ ရဲက ပြောပါတယ်။

ဖမ်းဆီးစစ်ဆေးချက်အရ သူတို့မှာ အလုပ်သမားကဒ်မရှိဘဲ  မြန်မာဘက်ခြမ်းနဲ့ မဲဆောက်ဘက်ခြမ်းကို သွားလာလုပ်ကိုင် ကျင်လည်ကျက်စားနေကြောင်း ၊ ဒီမတိုင်ခင်ကလည်း ခုလိုဆိုင်ကယ်လုယက်မှု ၂ ကြိမ် ကျူးလွန်ခဲ့ပြီး မြန်မာဘက်ခြမ်းမှာ ပြန်ရောင်းတယ်လို့ ၀န်ခံသွားတယ်လို့ ဆိုပါတယ်။

သူတို့ ၄ ဦးကို  လက်နက်မှု လုယက်မှုတွေနဲ့ ဆက်လက်အရေးယူဖို့ မဲဆောက်ရဲစခန်းမှာ ထိန်းသိမ်းထား ပါတယ်။

By ဒီဗွီဘီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template