Headlines News :
Home » » ရန်ကုန်မှာ ဖမ်းဆီးခံရတဲ့ ကျောင်း သားတွေ သာယာဝတီထောင်ပို့

ရန်ကုန်မှာ ဖမ်းဆီးခံရတဲ့ ကျောင်း သားတွေ သာယာဝတီထောင်ပို့

Written By လွင့်မောင်မောင် on Saturday, March 14, 2015 | 2:03 PM


ကျောင်းသားသပိတ်က ဖမ်းဆီးထားသူတွေကို လက်ပံတန်းမြို့မှာ မတ်လ ၁ဝ ရက်နေ့က ရုံးထုတ်လာစဉ်။ Photo: Aung Ko Ko/RFA
မတ်လ ၁၂ ရက်နေ့ညသန်းခေါင်ကျော်မှာ ဖမ်းဆီးခံ လိုက်ရတဲ့ ဗကသ ကျောင်းသားခေါင်းဆောင် ကိုသီဟ ဝင်းတင်၊ ကိုမိုးထက်နေ နဲ့မဟန်နီဦးတို့ ၃ ဦးကို ရဲတပ်ဖွဲ့တွေက မနေ့နေ့လည်မှာ သာယာဝတီထောင်ကို ပို့လိုက်ပါတယ်။

သူတို့ဟာ လက်ပံတန်း ကပင်မကျောင်းသားသပိတ် နဲ့ဆက်နွယ်နေတဲ့အတွက် ပဲခူးတိုင်းရဲတပ်ဖွဲ့ကိုလွှဲပေး လိုက်တာဖြစ်တယ်လို့ အလုံမြို့နယ်ရဲစခန်းမှူး ဦးထွန်းရွှေ ကပြောပါတယ်။

"လိုအပ်ချက်အရ ပဲခူးတိုင်းရဲတပ်ဖွဲ့ကိုလွှဲပေးလိုက်ပါ တယ်၊ လွှတ်ပေးတဲ့ ၂ ယောက် ကျတော့ မလိုအပ် လို့ပါ၊ ဒီ ၃ ဦးကျတော့ လက်ပံတန်းကိစ္စနဲ့ စစ်ဆေး စရာ ရှိလို့ဆိုပြီး လွှဲပေးလိုက်ပါတယ်၊ ခံဝန်ချက်ဆို တာက ကျနော်တို့ဧည့်စာရင်းဝင်စစ်တယ်၊ စစ်ပြီးတဲ့ အချိန်မှာ သူတို့အိမ်ပေါ်က အဖိုးတန်ပစ္စည်း မပျောက်ဘူးဆိုတဲ့ အကြောင်းတွေ အဲ့ကိစ္စပါပဲ၊ ခံဝန်ချက်ဆို တာ ဘာမှတော့မဟုတ်ပါဘူး "

အဲ့ဒီကျောင်းသားတွေနဲ့ အတူဖမ်းဆီးခံခဲ့ရတဲ့ မန္တလေးခရိုင်က ကိုဇန်ဇန်၊ AFP သတင်းထောက် ကိုဖြိုးဟိန်းကျော်နဲ့ အခြားသူတချို့ကိုတော့ မနေ့က ပြန်လွှတ်ပေး လိုက်တယ်လို့သိရပါတယ်။

လက်ပံတန်းအကြမ်းဖက်ဖြိုခွဲမှုကနေထွက်ပြေးလွတ်မြောက်သွားတဲ့ကျောင်းသားတွေကို သက်ဆိုင်ရာက လိုက်လံစုံစမ်း ဖမ်းဆီးနေဆဲဖြစ်ပါတယ်။

RFA Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template