ကိုင်ရို မတ် ၁၁
အီဂျစ်နိုင်ငံ တရားရုံးတစ်ခုက ခွေးတစ်ကောင်ကို ညှဉ်းပန်းနှိပ်စက်
သတ်ဖြတ်မှုဖြင့် အမျိုးသားလေးဦးကို ထောင်ဒဏ်သုံးနှစ်ကျခံစေရန် မတ် ၁၁
ရက်တွင် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း မီနာသတင်းဌာနက ရေးသားဖော်ပြ သည်။
ပြစ်ဒဏ်ကျခံရမည့် တရားခံများ တွင် ခွေးပိုင်ရှင်လည်းပါဝင်ပြီး ၄င်းက
ခွေးကိုသတ်မည့်သူများထံလွှဲပြောင်းပေးမှုကြောင့် အလားတူပြစ်ဒဏ်
ကျခံရမည်ဖြစ်ရာ ယခုလောလော ဆယ် ထွက်ပြေးတိမ်းရှောင်လျက်ရှိ သည်။
ခွေးကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ် သည့် ဗီဒီယိုဖိုင် အင်တာနက်လူမှု
ကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ သွားရာ ကြည့်မိသူများ ဒေါသ ဖြစ်ကြရသည်။
ယင်းဗီဒီယိုတွင် ညဘက် ကိုင်ရိုမြို့လမ်းမီးတိုင်တစ်ခုအောက်တွင်
လူသုံးယောက်နှင့် ခွေးကိုကြိုးဖြင့် ကိုင်ထားသည့်ပိုင်ရှင် တို့
ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေသည် ကို တွေ့ရသည်။ ယင်းသို့ ရုန်းရင်း
ဆန်ခတ်ဖြစ်ပွားစဉ် လူသုံးယောက် အနက် တစ်ယောက်ခွေးကိုက်ခံရ သည့်အတွက်
ခွေးကို၎င်းတို့ လက်အပ်ရန် တောင်းဆိုခဲ့ကြပြီး ခွေးကိုဓားများဖြင့်
ခုတ်ဖြတ်သတ်ပစ် လိုက်ကြသည်။ ဘေးတွင် လူတစ်စုက ရပ်ကြည့်နေကြသည်ကိုလည်း တွေ့ရ
သည်။
ခွေးပိုင်ရှင်က ၄င်း၏ ခွေးသည် ယခင်ကလည်း အခြားလူများကို ကိုက်ခဲ့သဖြင့်
အိမ်နီးချင်းများနှင့် ပြဿနာများဖြစ်ခဲ့ရသည့်အတွက် ခွေးကိုသတ်ဖြတ်ရန်
လွှဲပြောင်းပေး ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယခု လောလောဆယ် ခွေးပိုင်ရှင်သည် ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး အခြားသုံးဦးကို လွန်ခဲ့သည့် နှစ်ပတ် က ဖမ်းဆီးရမိခဲ့သည်။
အေပီ။
The Mirror Daily