Headlines News :
Home » » ကျောင်းသားနှင့် သံဃာများကို ရဲလုံခြုံရေးများက ရိုက်နှက်ဖမ်းဆီးဖြိုခွင်း(ယနေ့ လက်ပံတန်းက ကျောင်းသားသပိတ်စစ်ကြောင်း Update သတင်းများ)

ကျောင်းသားနှင့် သံဃာများကို ရဲလုံခြုံရေးများက ရိုက်နှက်ဖမ်းဆီးဖြိုခွင်း(ယနေ့ လက်ပံတန်းက ကျောင်းသားသပိတ်စစ်ကြောင်း Update သတင်းများ)

Written By လွင့်မောင်မောင် on Tuesday, March 10, 2015 | 2:44 PM

ရဲတပ်ဖွဲ့အတားအဆီးကို ကျောင်းသားသပိတ်က ဖေါက်ထွက်ဖို့ ကြိုးစားစဉ်

လက်ပံတန်းမှာ ကျောင်းသားသပိတ်စစ်ကြောင်းက ရဲတပ်ဖွဲ့အတားအဆီးကို ဖေါက်ထွက်နိုင်ဖို့ ကြိုးစားနေကြပါတယ်။

လက်ပံတန်းမြို့မှာ ကျောင်းသူ ကျောင်းသားတွေနဲ့ ကူညီသူ စုစုပေါင်း ၁၀ လောက်ကို
ဖမ်းဆီးသွားပြီး ရိုက်နှက်တာတွေ ရှိတယ်လို့ သိရပါတယ်။
အဲဒီ ကျောင်းသူ ကျောင်းသားတွေဟာ သပိတ်စခန်းက မဟုတ်ဘဲ အပြင်မှာ ရှိနေတဲ့ ကျောင်းသူ ကျောင်းသားတွေလို့
သပိတ်စခန်းက ကျောင်းသား ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ရိုက်ကူး- အောင်ကိုကို/ RFA


 ကျောင်းသားများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှု ပြင်းထန်၊ ဒဏ်ရာရ ကျောင်းသားများ ရှိလာ


ဒီမိုကရေစီ ပင်မသပိတ်မှောက်စစ်ကြောင်းက ရန်ကုန်ဆက်လက်ချီတက်ဖို့အတွက် ကျောင်းသားများနဲ့ ရဲလုံခြုံရေးများ ထိပ်တိုက် တိုးဝှေ့မှု ပြင်းထန်လာပါတယ်။

တိုးဝှေ့နေတုန်း မီးသတ်များရောက်ရှိလာပြီး ရဲလုံခြုံရေးများဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်တိုက်ခိုက်မှု မရှိသေးပါဘူး။
ရဲလုံခြုံရေးစည်း ၄ ယောက်တတန်းကို သပိတ်မှောက်ကျောင်းသားများက တိုးဖောက်နေကြဆဲဖြစ်ပြီး ဒဏ်ရာရ ကျောင်းသားကျောင်းသူများနဲ့ မူးလဲသူများနဲ့ မေ့လဲသူများလည်း ရှိလာပါတယ်။

လက်ပံတန်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှလည်း လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟစ်အော်ခြင်းများ ပြုလုပ်ရင် ဥပဒေအရ အရေးယူမယ်ဟု စပီကာနဲ့ ကြေညာနေပါတယ်။

By ဒီဗွီဘီ
============================================
ကျောင်းသားနှင့် သံဃာများကို ရဲလုံခြုံရေးများက ရိုက်နှက်ဖမ်းဆီးဖြိုခွင်း

လက်ပံတန်းမှာ ရဲတပ်ဖွဲ့နဲ့ ရင်ဆိုင် တွန်းထိုးနေတဲ့ကျောင်းသားနဲ့ ရဟန်းသံဃာတော်တွေကို ရဲလုံခြုံရေးတွေက ၀င်ရောက်ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်
သွားတယ်လို့ ဒီနေရာမှာ သတင်းရယူနေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

ဖမ်းဆီးသွားတဲ့ ကျောင်းသားတွေကို ကားပေါ်ကို တင်ဆောင် ခေါ်ဆောင်သွားသလို ကျောင်းသားတွေ ချီတက်ရာမှာ အသုံးပြုတဲ့ကားတွေကိုလည်း ဖျက်ဆီးသွားတယ်လို့ သူက ပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာတော့ ကျောင်းသားတွေကို မတွေ့ရတော့သလို ဖမ်းဆီး ခေါ်ဆောင်သွားပြီလို့ ဆိုပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ သတင်းထောက်တချို့လည်း ဖမ်းဆီးရာမှာ ပါသွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဒဏ်ရာရ ကျောင်းသားကျောင်းသူများအပါအ၀င် မူးလဲသူများနဲ့ မေ့လဲသူများလည်း ရှိလာပါတယ်။ ကျောင်းသားတချို့ကို ဆေးရုံကို ပို့ဆောင်လိုက်ပါတယ်။

လက်ပံတန်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်းနဲ့ ဟစ်အော်ခြင်းများ ပြုလုပ်ရင် ဥပဒေအရ အရေးယူမယ်ဟု လော်စပီကာနဲ့ ကြေညာအပြီးမှာ ဖမ်းဆီးမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

By ဒီဗွီဘီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template