Headlines News :
Home » , » စစ်တွေတွင်ပြုလုပ်မည့် သိုင်းပြောင်းပြန် ရွှေရတုအခမ်းအနား သိုင်းစွမ်းရည်ပြမည်

စစ်တွေတွင်ပြုလုပ်မည့် သိုင်းပြောင်းပြန် ရွှေရတုအခမ်းအနား သိုင်းစွမ်းရည်ပြမည်

Written By လွင့်မောင်မောင် on Saturday, March 14, 2015 | 7:39 PM


-----------
 စစ်တွေ၊ မတ်လ ၁၂

သိုင်းဆရာကြီး ဦးရွှေသိန်းဦးဆောင်သော သိုင်းပြောင်းပြန်အဖွဲ့မှ  မတ်လ ၂၂ ရက်နေ့တွင် ပြုလုပ်ကျင်းပရန် စီစဉ်ထားသည့်  ရွှေရတုအခမ်းအနားတွင် သိုင်းစွမ်းရည်ပြပွဲကိုပါ ထည့်သွင်းပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။
သိုင်းပြောင်းပြန် ဆရာကြီး ဦးရွှေသိန်းက “ သိုင်းပြောင်းပြန်အဖွဲ့၍ ရွှေရတု အခမ်းအနားကို မတ်လ ၂၂ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်တယ်။ အဖွဲ့ဝင်တွေ မြို့နယ်ပေါင်းစုံက တက်ရောက်ကြမှာ ဖြစ်တယ်။ သိုင်းစွမ်းရည် ပြပွဲကိုလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
သိုင်းဆရာကြီးဦး ရွှေသိန်းသည် သိုင်းပြောင်းပြန်ပညာကို ၁၉၆၅ ခုနှစ် ရန်ကုန်မြို့ စော်ဘွားကြီးကုန်းတွင် ဆရာ ဦးစိန်လင်းထံမှ သင်ယူခဲ့ကြောင်း သိရသည်။ ၁၉၆၇ ခုနှစ်တွင် ပြင်ဦးလွင် စစ်သင်တန်းကျောင်း၌ စစ်သားဘ၀ဖြင့် သင်တန်းနည်းပြဆရာအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ၁၉၇၁ ခုနှစ်တွင် တပ်မှထွက်ကာ သိုင်းပြောင်းပြန်ပညာကို ယင်းအချိန်မှစ၍ ရခိုင်ပြည်နယ်၌ မျိုးစေ့ချခဲ့ကြောင်းသိရသည်။
ဆရာကြီး ရခိုင်ပြည်နယ်သို့ပြန်ရောက်လာပြီးနောက် ရခိုင်ပြည်ရှိ ကိုယ်ခံပညာရှင်များ၊ သိုင်းပညာရှင်များ၏ စိန်ခေါ် ယှဉ်ပြိုင်ခြင်းများကို အကြိမ်ကြိမ် ခံခဲ့ရသည်ဟု ဆရာကြီးက နိရဉ္စရာသတင်းဌာနသို့ပြောသည်။
“သျှမ်းကြီးသိုင်းဆရာ ဦးမောင်သာထွန်းဟာ တစ်နေ့မှာ တပည့် ၆ ယောက်နဲ့အတူ ကျွန်တော့်ဆီကိုရောက်လာတယ်။ ဆရာကြီးကို စမ်းချင်တယ်၊ သဘောကျမှ ဆရာကြီးဆီမှာ သိုင်းပြောင်းပြန်ပညာကို သင်ယူမယ်လို့ လာပြောတယ်။ ကျွန်တော့်လည်း နည်းနည်းပညာပြလိုက်မှ သူသင်ဖြစ်တယ်” ဟု ဆရာကြီးရွှေသိန်းကပြောသည်။
ဦးမောင်သာထွန်းသည် ဆရာကြီးထံမှ သိုင်းပြောင်းပြန်ပညာကို သင်ယူဆည်းပူးခဲ့ပြီး လက်ထောက်သင်တန်းဆရာအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ သူကွယ်လွန်သွားသည်မှာ ၆ နှစ်ခန့်ရှိပြီဟု ဆရာကြီးရွှေသိန်းကပြောသည်။
DSC03647
ဆရာကြီးရွှေသိန်း၏ သိုင်းပြောင်းပြန် ကိုယ်ခံပညာကို စစ်တွေမြို့အပြင် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်းမြို့နယ်များ၌ သင်ကြားပို့ချလျှက်ရှိသည်ဟု လက်ရှိသိုင်းပြောင်းပြန်နည်းပြဆရာ ဦးကျော်စိန်က ပြောသည်။
ဆရာကြီး၏ လက်ရင်းတပည့်များမှာ ဆရာဦးအောင်စောဦး၊ ဆရာဦးသာအေး၊ ဆရာဦးဘသန်း၊ ဆရာဦးမဲအောင်၊ ဆရာဦးယက်သဲအောင်၊ ဆရာဦးသိန်းအောင်တို့ဖြစ်ကြောင်း သိရသည်။
ဆရာကြီး၏ တပည့်များထဲတွင် ထူးချွန်ထက်မြက်သော တပည့်ကောင်းများကို မွေးထုတ်ပေးနိုင်ခဲ့သည်ဟု ဆရာကြီးက ဆိုသည်။
“ဆရာဦးသိန်းအောင်နဲ့ လက်ရှိသင်တန်းမှူး ဆရာဦးကျော်စိန်တို့ပါ။ ဆရာသိန်းအောင်ဆိုရင် မြန်မာတစ်နိုင်ငံလုံး သိုင်းအဖွဲ့ပေါင်းစုံရဲ့ ၁၉၉၀ ခု နှစ်က ရှမ်းပြည်နယ်မှာပြုလုပ်တဲ့ ဖိတ်ခေါ်ပြိုင်ပွဲမှာ တစ်နိုင်ငံလုံး အကောင်းဆုံးဆုရခဲ့ပါတယ်။ ဆရာဦးကျော်စိန်ဆိုရင်လည်း တိုင်းနဲ့ပြည်နယ် သိုင်းပေါင်းစုံပြိုင်ပွဲမှာ ရခိုင်ပြည်နယ်ကို ကိုယ်စားပြုပြီးတော့ ၁၉၉၄-၉၇-၉၈ ခုနှစ်တွေမှာ ပြိုင်ပွဲဝင်ခဲ့သူဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်မှာ သိုင်းပေါင်းစုံပြိုင်ပွဲမှာ ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်” ဟု ဆရာကြီးက ပြောသည်။
ရခိုင်ပြည်နယ် သိုင်းပြောင်းပြန်အဖွဲ့မှ မြန်မာတစ်နိုင်ငံလုံးသိုင်းပေါင်းစုံပြိုင်ပွဲများတွင် ဆုရရှိထားသူ အများအပြားရှိပြီး မ၀င်းဝင်းစံမှာ မြန်မာတစ်နိုင်ငံလုံး ဓါးတိုက်ကွက် အကောင်းဆုံး ရွှေတံဆိပ်ဆု၊ မောင်ငြိမ်းချမ်းမှာ ၂၀၁၀ ခုနှစ်က မြန်မာတစ်နိုင်ငံလုံး သိုင်းပေါင်းစုံပြိုင်ပွဲတွင် တတိယဆု၊ ၂၀၁၃ ခုနှစ် Sea Game အကြို ထိုင်းလက်ဝှေ့ပြိုင်ပွဲတွင် တတိယဆု၊ မောင်နေမျိုးဦးသည် ပန်ကြပ်ဆီလပ် မြန်မာတစ်နိုင်ငံလုံးပြိုင်ပွဲတွင် ဒုတိယဆုအသီးသီး ရရှိထားကြောင်းသိရသည်။
ကိုယ်ခံပညာတစ်ခုခုကို သင်ကြားတတ်မြောက်ထားသူတစ်ဦးအတွက် တစ်ယောက်တည်းသွားရာတွင် လက်နှစ်ဘက်သည် အဖေါ်နှစ်ယောက်၊ ခြေနှစ်ဘက်သည်အဖေါ်နှစ်ယောက်၊ စုစုပေါင်း အဖေါ် ၄ ယောက်နှင့် သွားနေရသည်နှင့်တူသည်ဟု ဆရာကြီးကပြောသည်။
“လူတစ်ဦးမှာ အရေးကြုံလာရင် သက်လုံကောင်းဖို့အတွက် ကိုယ်ခံပညာဟာ တစ်ဘက်တစ်လမ်းက အရေးပါပါတယ်။ ကိုယ်ခံပညာတစ်ခုခုကို သင်ကြားတတ်မြောက်ထားသူ တစ်ယောက်တွက်ဆိုရင် တစ်ယောက်တည်း ခရီးသွားရာမှာ လက်နှစ်ဘက်ဟာ အဖေါ်နှစ်ယောက်၊ ခြေထောက်နှစ်ဘက်ဟာ အဖေါ်နှစ်ယောက် စုစုပေါင်း အဖေါ် ၄ ယောက်နဲ့ သွားနေရတာနဲ့ တူနေပါတယ်” ဟု ကိုယ်ခံပညာ၏ အရေးပါပုံကို ဆရာကြီး ဦးရွှေသိန်းကပြောသည်။
လက်ရှိသင်တန်းမှူး ဆရာဦးကျော်စိန်သည် ၁၉၉၄-၉၅ ခုနှစ်စတင်၍ သင်တန်းဆရာအဖြစ် ယနေ့ထက်ထိ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်
၂၀၁၅ ခုနှစ် သိုင်းပြောင်းပြန်ရွှေရတု အထိမ်းအမှတ်စွမ်းရည်ပြပွဲကို ရခိုင်ပြည်နယ် စစ်တွေမြို့ ဝေသာလီကွင်း အားကစားခန်းမတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စံမောင်သန်း - နိရဉ္စရာ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template