Headlines News :
Home » , » ထားဝယ်စီးပွားရေးဇုန်စီမံကိန်း ရင်နှီးမြုပ်နှံလိုသူ အခက်အခဲကြောင့်ရပ်နားရခြင်းဖြစ်

ထားဝယ်စီးပွားရေးဇုန်စီမံကိန်း ရင်နှီးမြုပ်နှံလိုသူ အခက်အခဲကြောင့်ရပ်နားရခြင်းဖြစ်

Written By လွင့်မောင်မောင် on Tuesday, December 3, 2013 | 8:16 PM


02 December 2013
  
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဆောင်ရွက်ရာ၌အဓိကပူးပေါင်းဆောင်ရွက်နေသည့် ထိုင်းနိုင်ငံ အခြေစိုက် အီတာလျံထိုင်းကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုများ ရပ်နားခိုင်းထားရခြင်းမှာ အခြားနိုင်ငံတကာ ရင်းနှီးမြုပ်နှံသူများကို ဖိတ်ခေါ်လိုခြင်းကြောင့်ဖြစ်သည်ဟု ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေးအထူးလုပ်ငန်းအဖွဲ့ဥက္ကဌ အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနပြည်တောင်စုဝန်ကြီး ဦးအေးမြင့်က ရှင်းလင်းပြောကြားလိုက်သည်။

ဒီဇင်ဘာလ (၂)ရက်နေ့ မွန်းလွဲ (၂)နာရီအချိန်က ရန်ကုန်မြို့ရှိမြန့်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး အစည်းဝေးခန်းမ၌ ပြုလုပ်သည့်ပြည်တွင်းပြည်ပမီဒီယာများနှင့်တွေ့ဆုံရှင်းလင်းပွဲ၌ ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

 “စီမံကိန်းကကြီးတဲ့အတွက် ငွေရေးကြေးရေးနဲ့ နည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်တွေရှိလာလို့ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး တော့ ဂျပန်ကိုတတိယမြောက်မဟာဗျူဟာမိတ်ဖက်နိုင်ငံအဖြစ် ဖိတ်ခေါ်ထားတယ်။”ဟုပြည်တောင်စုဝန်ကြီး ဦးအေးမြင့်က ပြောသည်။

လုပ်ငန်းများရပ်ဆိုင်းထားရန် နိုဝင်ဘာလတတိယပတ်အတွင်း၌ထိုင်းနိုင်ငံအစိုးရအပါအ၀င် အီတာလျံ ထိုင်းကုမ္ပဏီနှင့် နှစ်နိုင်ငံတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး၍ သဘောတူညီမှုရယူခဲ့ပြီးဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးက ဆက်ပြောသည်။

အီတာလျံထိုင်းကုမ္ပဏီအနေဖြင့် လက်ရှိတွင်လုပ်ငန်းများရပ်ဆိုင်းထားသော်လည်း စီမံကိန်းဆောင်ရွက်ခဲ့သည့် ဧရိယာအတွင်းပေးလျော်ရမည့်လျော်ကြေးငွေပေါင်း (၃၄၀)ကျော်ဘီလီယံရှိသည့်အနက် (၃၃)ဘီလီယံသာ ပေးလျော်ရသေးကြောင်း ထားဝယ် အထူးစီးပွားရေးဇုန်နှင့်ဆက်စပ်စီမံကိန်းလုပ်ငန်းများ ရပ်ရွာဒေသ လူ့အဖွဲ့အစည်းများဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍဆိုင်ရာဆပ် ကော်မတီဥက္ကဌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဘုန်းဆွေက ပြော သည်။

“နစ်နာမှုတွေအတွက် ကျပ်သန်းပေါင်း ၃၄၀ ကျော်လောက် ပေးလျော်ရပါမယ်။ ဒီမှာအီတာလျံ ထိုင်းကုမ္ပဏီ အနေနဲ့ ၃၃ ဘီလီယံလောက် လျော်ကြေးပေးရသေးတယ်ဆိုတော့၃၀၇ ဘီလျံလောက် လျော်ကြေးပေးဖို့ ကျန်ပါသေးတယ်။”ဟု ဒုတိယ ၀န်ကြီးဦးဘုန်းဆွေက ပြောသည်။

အထူးစီးပွားရေးဇုန်အတွင်း ကနဦး စီမံကိန်းများအနေဖြင့် ၂ လမ်းသွားကားလမ်းဖောက်လုပ်ခြင်း၊ ဆိမ်ကမ်းငယ်တည် ဆောက်ခြင်း ကနဦးစက်မှုဇုန်တည်ဆောက်ခြင်း ကနဦးလျှပ်စစ်ဓါတ်အားပေး စက်ရုံနှင့် မြို့ပြစီမံကိန်းများအကောင် အထည်ဖော်ခြင်း၊ ကနဦးရေပေးဝေရေးစီမံကိန်းနှင့် ဆက်သွယ်ရေးလိုင်းများတည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ(၁၅)ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းများဆောင်ရွက်ရန် တတိယမိတ်ဖက်နိုင်ငံဖြစ်သည့်ဂျပန်ကုမ္ပဏီကိုတင်ဒါဖိတ်ခေါ်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီးပြည်တွင်းကုမ္ပဏီများအနေဖြင့် တင်ဒါအောင်မြင်သည့်ကုမ္ပဏီဖြင့် ချိတ်ဆက်လုပ်ဆာင်ရမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

ယခင်သဘောတူညီချက်များအရ မြန်မာထိုင်း (၂)လမ်းသွား အဝေးပြေးလမ်းအပါအ၀င်အခြေခံ အဆောက် အဦများကို ၂၀၁၅ ခုနှစ်တွင်အပြီးသတ်ဆောင်ရွက်ရန်သတ်မှတ်ထားသော်လည်း ဘဏ္ဍာငွေအခက်အခဲများကြောင့်ပြီးစီးနိုင်မည်မဟုတ်ကြောင်း ပြီးခဲ့သည့် အောက်တိုဘာလ (၁)ရက်နေ့

ပြည်ထောင်စု လွှတ်တော်တွင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးဟန်စိန်က တင်ပြဆွေးနွေးခဲ့ပြီးဖြစ်ကြောင်းကိုလည်း သိရှိရသည်။
By မျိုးသူ၊ သီဟ(မြစ်မခ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template