Headlines News :
Home » » အီတာလျံ-ထိုင်းကုမ္ပဏီရဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်း ရပ်နား

အီတာလျံ-ထိုင်းကုမ္ပဏီရဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်း ရပ်နား

Written By လွင့်မောင်မောင် on Tuesday, December 3, 2013 | 8:56 AM

 
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို အကောင်အထည်ဖေါ်နေတဲ့ အီတာလျံ-ထိုင်းကုမ္ပဏီရဲ့ စီမံကိန်းတွေအားလုံးကို ရပ်နားခိုင်းလိုက်ကြောင်း ထားဝယ်စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ပို့ဆောင်ရေး ဒုတိယ၀န်ကြီး ဦးဟံစိန်က ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ ဆိပ်ကမ်းအာဏာပိုင်ရုံးမှာ ဒီနေ့ပြုလုပ်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ဆက်စပ်စီမံကိန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ ဒုတိယ၀န်ကြီး ဦးဟံစိန်က ပြောခဲ့တာပါ။

အခုလို ရပ်နားလိုက်တာဟာ မြန်မာအစိုးရ၊ ထိုင်းအစိုးရနဲ့ အီတာလျံထိုင်းကုမ္ပဏီတို့ ဆွေးနွေးပြီး ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် စီမံကိန်းအကောင်ထည်ဖော်ရာမှာ ပိုမိုမြန်ဆန်စေဖို့အတွက် လုပ်ငန်းရပ်နားလိုက်ရတာဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီလို ရပ်နားလိုက်တာဟာ လုပ်ငန်းနှောင့်နှေးတာကြောင့်လည်းပါဝင်သလို အဲဒီစီမံကိန်းတွေမှာ နိုင်ငံတကာက တခြားကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံလိုသူတွေ ပါဝင်လာနိုင်အောင် ပြန်လည်ပြုပြင်ပြီး တင်ဒါစနစ်နဲ့ ခေါ်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလို တင်ဒါခေါ်ယူရာမှာလည်း နိုင်ငံတကာက ပညာရှင်တွေကိုခေါ်ယူပြီး စီစဉ်သွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် စီမံကိန်းကိုတာဝန်ယူခဲ့တဲ့ အီတာလျံ ထိုင်းကုမ္မဏီရဲ့ အသုံးစားရိတ်တွေကို နိုင်ငံတကာစာရင်းစစ်တွေနဲ့ ခေါ်ယူ စစ်ဆေးသွားမယ်လို့ သိရပါတယ်။ အီတာလျံ ထိုင်း ကုမ္ပဏီအနေနဲ့လည်း နောင်မှာလုပ်ငန်းဆောင်ရွက်လိုတယ်ဆိုရင် အများနည်းတူ တင်ဒါဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

RFA Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template